ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) အပူပိုင်းမုန်တိုင်း “ဝီဖာ” (Wipha) ၏ အရှိန်ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဘန်ကောက်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်နှင့် နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာ (Prayut Chan-o-cha) နှင့် တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့က အစည်းအဝေးအတွင်း သြဂုတ်လ...
နေပြည်တော်၊ သြဂုတ် ၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ငွေကြေး ကိန်းဂဏန်းဆိုင်ရာ ဘဏ်လုပ်ငန်းများသည် ပိုမို ပွင့်လင်း မြင်သာမှု ရှိလာပြီး ပြည်သူလူထု လက်လှမ်းမီသော အခြေအနေသို့ ရောက်ရှိလာကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်းက ယနေ့ အမျိုးသား လွှတ်တော်၌ ဖြေကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး လမ်းမတော် မြို့နယ်နှင့် ဒလမြို့နယ်တို့ကို ရန်ကုန် မြစ်အားဖြတ်သန်းကာ ဆက်သွယ် တည်ဆောက်နေသော (ဒလ) တံတားစီမံကိန်းသည် လက်ရှိတွက် ဒလဘက်ကမ်းနှင့် ရန်ကုန်ဘက်ကမ်းတို့ရှိ အောက်ခံ ဘိုးပိုင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ဘန်ကောက်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သြဂုတ်လ ၂ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုများဖြစ်ခဲ့ကြောင်း၊ ဒဏ်ရာရသူ ၂ ဦးရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။