လန်ဒန် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း (Devon)ကောင်တီရှိ ဆိပ်ကမ်းမြို့ဖြစ်သည့် ပလိုင်းမောက်(Plymouth)မြို့၌ ဩဂုတ် ၁၂ ရက် ညနေပိုင်းကဖြစ်ပွားသော ပစ်ခတ်မှုတစ်ခုတွင် သံသယရှိသူအပါအဝင် လူ ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။
အစ္စတန်ဘူလ် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogan က နိုင်ငံ၏ ပင်လယ်နက်ဒေသ၌ ရေကြီးရေလျှံမှုကြောင့် လူ ၁၇ ဦး သေဆုံးကြောင်း ဩဂုတ် ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဝူဟန့် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်တွင် ဩဂုတ် ၈ ရက်ကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ဒေသခံ တစ်သိန်းကျော် အပေါ် သက်ရောက်မှုရှိခဲ့ကြောင်း နှင့် ပြည်နယ်အစိုးရအနေဖြင့် ၎င်း၏ မိုးသက်လေပြင်း အရေးပေါ်ကယ်ဆယ်ရေးတုံ့ပြန်မှုအဆင့်ကို ဩဂုတ် ၁၂ ရက်က အဆင့် ၃...
ရှန်ဟိုင်း၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှန်ဟိုင်းမြို့ Baoshan ခရိုင်တွင် တရုတ်နိုင်ငံ၏ ပထမဆုံးခေါက်နိုင်ဖြန့်နိုင်သော 3D နည်းပညာဖြင့်ထုတ်လုပ်တည်ဆောက်ထားသည့်တံတားကြီးအားထုတ်ဖော်ပြသခဲ့သည်။ ခေါက်နိုင်ဖြန့်နိုင်သည့်ဆက်ကြောင်း ၉ ခုပါဝင်သည့်တံတားသည်အရှည် ၉.၃၄ မီတာရှိပြီး အကျယ် ၁.၅ မီတာ နှင့် အမြင့် ၁.၁ မီတာ ရှိသည်။ အလေးချိန်...
နယူးယောက်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု ရှိ ပြည်နယ် ၄ ခုတွင် တွေ့ရသည့် အဖြူရောင်အမြီးရှိသော ဒရယ် ၄၀ရာခိုင်နှုန်း ခန့် ၏ သွေးရည်ကြည်များတွင် ကိုရိုနာဗိုင်းရပ်စ် အား ကာကွယ်နိုင်သည့် ပဋိပစ္စည်း များရှိနေသည်ကို တွေ့ရှိရကြောင်း မကြာသေးမီက အမေရိကန်ဖယ်ဒရယ် စစ်တမ်းကောက်ယူမှုများအရသိသည်။...