လန်ဒန်၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) COVID-19 ကပ်ရောဂါ ဂရက်ရိုက်ခတ်မှုကြောင့် လက်ရှိ ဗြိတိန် မော်တော်ယာဉ်လုပ်ငန်းများ၏ ဝန်ထမ်း သုံးပုံတစ်ပုံသည် ခွင့်ဖြင့်နားနေရပြီး ခြောက်ပုံတစ်ပုံမှာ အလုပ်လက်မဲ့ ဖြစ်နိုင်ချေရှိနေကြောင်း ဗြိတိန် မော်တော်ယာဉ်ထုတ်လုပ်မှု နှင့်ဖြန့်ဖြူးရောင်းချရေးအသင်း(SMMT)၏ ဇွန် ၂၃ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု တစ်ဖန်ပြန်ဖြစ်ပေါ်လာသဖြင့် ရပ်ကွက်အဆင့် ရောဂါကာကွယ် ထိန်းချုပ်ရေးကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်ကို ရိုက်ကူးတင်ပြထားခြင်း ဖြစ်သည်။ ပေကျင်းမြို့တော် တုံချန်းခရိုင်ရှိ ရပ်ကွက် ၁၇၇ ခုလုံး၌ COVID-19 ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ဇွန်...
ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက Beidou တည်နေရာညွှန်ပြစနစ်သုံးဂြိုဟ်တု၏ နောက်ဆုံး ဂြိုဟ်တုတစ်လုံးကို ဇွန် ၂၃ ရက်က လွှတ်တင်ခဲ့သည်။
ရှင်းကျန်း၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) လတ်ဆတ်သည့် အသီးအနှံများကို နေချင်းပြန် ရောင်းဝယ်ဖောက်ကားနိုင်ရန် ရှင်းကျန်းဒေသတွင် ခရီးသည်တင် လေယာဉ်အချို့ကို ကုန်တင်လေယာဉ်များအဖြစ် ပြောင်းလဲအသုံးပြုလာခဲ့ကြသည်။
ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) လေအိတ်ခန်း ၃ ခန်းတွဲ ပါဝင်သည့် nucleic acid စစ်ဆေးရေး ဓါတ်ခွဲခန်း ၃ ခုကို ပေကျင်းမြို့ရှိ အားကစားခန်းမတစ်ခုအတွင်း၌ ဇွန် ၂၁ ရက်မှစတင်ကာ ၃ ရက်အတွင်း အပြီးတပ်ဆင်ခဲ့သည်။၎င်းရွေ့လျားဓါတ်ခွဲခန်းကို အလျင်မြန်ဆုံး တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်မှု...