ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ အနီး ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင် ၁၇၉ နှင့် ၁၈၀ ကြား၌ ဧပြီလ ၁၂ ရက်၌ ဒေသန္တရလက်လုပ် ရှော့တိုက်မိုင်း(ခ)ကားမိုင်း ၇ လုံး တွေ့ရှိခဲ့၍ သက်မဲ့ပြုလုပ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော...
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြို့ပင်အင်းကျေးရွာရှိ ယနေ့ ဧပြီ ၁၃ ရက်၊ မွန်းလွဲ ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၂၈ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောခရိုင်၊ဘူးသီးတောင်မြို့အမှတ် (၁)အနောက်ရပ်ကွက်၌ ယနေ့နံနက်၂ နာရီ ၄၅မိနစ်က မီးလောင်မှုဖြစ်ပွား၍ နေအိမ်ခုနှစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နောင်တရားမြို့ ပင်လောင်း-အောင်ပန်းကားလမ်း မိုင်တိုင် အမှတ်၂၉/၂ အနီး၌ ဧပြီ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်ရာမှ လူ နှစ်ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော...
ခါတွမ် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံ၏ အသွင်ကူးပြောင်းရေးစစ်ကောင်စီဥက္ကဋ္ဌ Awad Mohamed Ahmed Ibn Auf သည် ရာထူးမှ နုတ်ထွက်ကြောင်း ဧပြီ ၁၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။