ပေကျင်း၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) ဇူလိုင် ၂၁ ရက်က တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အမြဲတမ်းအစည်းအဝေးတွင် ရေဘေးအန္တရာယ် ကာကွယ်ရေးနှင့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အလျင်အမြန် ထိထိရောက်ရောက် စီမံခန့်ဆောင်ရွက်ခဲ့သလို ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ဦးထိပ်ထားဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
လန်ဒန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံမှ ကမ္ဘာ့နံပါတ် ၁ ပြောင်းရှည်သေနတ်ပစ်သမား Amber Hill ထံတွင် COVID-19 ရောဂါကူးစက်ခံထားရသည်ကို ဗြိတိန်နိုင်ငံ၌ စစ်ဆေးတွေ့ရှိခဲ့ရာ ၎င်းအနေဖြင့် တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ဗြိတိန်ကိုယ်စားလှယ်အဖွဲ့က ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှု နှင့် ရေကြီးမှုများကြောင့် ကြီးမားစွာ ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အရေးပေါ် ကယ်ဆယ်ရေး နှင့် ဆေးဘက်ဆိုင်ရာ တုံ့ပြန်မှုရေး အားဖြည့်ပေးရန် အလုပ်အဖွဲ့တစ်ဖွဲ့ကို တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်က စေလွှတ်ခဲ့ကြောင်း သိရသည်။
ချုံချင့်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) တရုတ်-စင်ကာပူ ကုန်း-ရေ ကုန်သွယ်ရေးစင်္ကြံသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၀၆ ခုရှိ ဆိပ်ကမ်း ၃၀၄ ခုနှင့် တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ ပိုးလမ်းမ စီးပွားရေးလမ်းကြောင်းနှင့် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမတို့နှင့် ပိုမိုကောင်းမွန်စွာ ချိတ်ဆက်ထားကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ ကပ်ရောဂါ စတင်ချိန်မှစ၍ ကလေးငယ် ၄ သန်းကျော် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း အမေရိကန် ကလေးအထူးကုအကယ်ဒမီ(AAP) နှင့် ကလေးများ ဆေးရုံအသင်း၏ နောက်ဆုံးထုတ်ပြန်မှုများအရ သိရ သိရသည်။