ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ထိပ်တန်း ကားထုတ်လုပ်ရေးလုပ်ငန်း Great Wall Motors (GWM)က နိုင်ငံ၏ စွမ်းအင်သစ်လျှပ်စစ်မော်တော်ယာဉ်များတီထွင်ထုတ်လုပ်မှုအကြားဟိုက်ဒရိုဂျင်လောင်စာသုံး မော်တော်ယာဉ်များအား တီထွင်ခဲ့ကြောင်းသိရသည်။
ဘန်ကောက်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သော ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးရန် အစိုးရဝန်ကြီးများအဖွဲ့က e-voucher ကမ်ပိန်းကို သက်တမ်းတိုးရန် ဇူလိုင် ၂၀ ရက်က ခွင့်ပြုခဲ့ကြောင်း သိရသည်။
ကိုလံဘို ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များအနက် တစ်ခုဖြစ်သည့် Sri Jayewardenepura တက္ကသိုလ်မှ သုတေသီများက တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေးသည် ကမ္ဘာအနှံ့ ထင်ရှားလာသော မျိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုး ဖြစ်သည့် Delta မျိုးဗီဇအား တိုက်ဖျက်ရာတွင် အလွန်အစွမ်းထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။
စင်ကာပူ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်က Jurong ငါးလုပ်ငန်းဆိပ်ကမ်းနှင့် KTVများတွင် အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုဖြစ်ပွားပြီး စင်ကာပူတွင် ကိုဗစ်ကူးစက်သူဦးရေ သိသိသာသာ တိုးပွားလာခဲ့သဖြင့် ဇူလိုင် ၂၂ ရက်မှစ၍ ရောဂါထိန်းချုပ်ရေးကို တင်းကျင်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း စင်ကာပူ ကပ်ရောဂါတိုက်ဖျက်ရေးဌာနဆိုင်ရာလုပ်ငန်းအဖွဲ့က ဇူလိုင် ၂၀ ရက်တွင် ကြေညာခဲ့သည်။...
ဝါရှင်တန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်တပ်ဖွဲ့များသည် အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်မှုရှိသည့် ဆိုမာလီယာနိုင်ငံရှိ အယ်လ်ရှာဘတ် (al-Shabaab) စစ်သွေးကြွအဖွဲ့ကို လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဇူလိုင် ၂၀ ရက်တွင် ပြောကြားခဲ့သည်။