ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားစဉ်တွင် တရုတ်ကွန်မြူနစ်ပါတီ ပါတီဝင်များသည် ၎င်းတို့၏ အသက်ကို ပဓာန မထားဘဲ ကျရာအခန်းကဏ္ဍမှ ပြည်သူများအတွက် ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြသည်။ ယခု video ထဲတွင် တရုတ်နိုင်ငံ၏COVID-19 ကပ်ရောဂါကာလအတွင်း အသက်ပေါင်းများစွာကိုကယ်ဆယ်ပေးခဲ့ကြသူများအား မှတ်တမ်းတင်ဂုဏ်ပြုဖော်ပြထားခြင်းဖြစ်သည်။...
ကွမ်တုန်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက မုန်တိုင်းဒဏ်ခံနိုင်သော ကမ်းလွန်လေအားလျှပ်စစ်ထုတ်လုပ်ရေး ရေပေါ်တာဘိုင်ကြီးကို ကွမ်တုန်း ပြည်နယ် YangJiang ၌တပ်ဆင်ပြီးစီး ခဲ့ကြောင်းသိရသည်။ ၎င်းသည် အဆင့် ၁၇ မုန်တိုင်းဒဏ်အထိ ခံနိုင်ရည်ရှိ ပြီး လေတိုက်နှုန်း တစ်စက္ကန့်လျှင်၅၆ မှ ၆၂ မီတာ အထိကို...
ဟူစတန် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆတ်ပြည်နယ်ရှိ ရေပန်းဥယျာဉ်တစ်ခုအတွင်း ရေကူးသည့် နေရာ၌ အမျိုးအမည်မသိ ဓာတုယိုဖိတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း ၃၀ ဦးကျော်အား ဆေးကုသပေးထားရကြောင်း Harris ကောင်တီ မီးသတ်တပ်ဖွဲ့ဆိုင်ရာ အကြီးအကဲရုံးထံမှ ဇူလိုင် ၁၇ ရက်တွင် သိရသည်။
ပေကျင်း ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတစ်ဝှမ်း ပြည်နယ်များ ၊ ဒေသများ နှင့် မြူနီစပယ် နေရာအများအပြား၌ အသက် ၁၂ နှစ်နှင့် ၁၇ နှစ်ကြား အရွယ်မရောက်သေးသူများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံမှု အဆင့်ဆင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ပေကျင်း ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်သွားယာဉ် ကျူးလုံ (Zhurong) သည် ဂြိုဟ်နီမျက်နှာပြင်ပေါ်၌ စနေနေ့ ည ၁၁ နာရီအထိ ခရီးအကွာအဝေး ၅၀၉ မီတာ ကျော်အထိ မောင်းနှင်သွားလာထားပြီဖြစ်ကြောင်း တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲမှု၏ လစူးစမ်းလေ့လာရေး နှင့် အာကာသအစီအစဉ်စင်တာမှ ထုတ်ပြန်ချက်အရ သိရသည်။