ဘန်ကောက်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ဖြင့် နေ့စဉ်သေဆုံးမှု စာရင်းအရ ဇူလိုင် ၁၅ ရက်တွင် ထပ်မံသေဆုံးသူ ၉၈ ဦးရှိရာ နိုင်ငံအတွင်း စုစုပေါင်းသေဆုံးသူဦး ရေ ၃,၀၃၂ ဦးအထိ မြင့်တက်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်သည့် အချက်အလက်များအရ...
ချိန်တူး၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် အွန်လိုင်းသုံးစွဲသူများအကြား ရေအောက် ထိုက်ချိချွမ်လေ့ကျင့်နေသည့်အမျိုးသမီးတစ်ဦး၏ ရုပ်သံမှာလူကြိုက်များလျက်ရှိကြောင်း သိရသည်။ အသက် ၂၀ ကျော်ရှိ ကမ္ဘာ့ထိုက်ချိချွမ် ချန်ပီယံဆုရှင် Long Jiaoer သည် ကိုယ်ခံပညာရပ်တစ်ခုဖြစ်သည့် ထိုက်ချိချွမ်အားကစား၏ လှပမှုကို ရေအောက်တွင် ရေအလျင်နှင့်ပေါင်းစပ်ကာ ဖျော်ဖြေတင်ဆက်ထားခြင်းဖြစ်သည်။ Long သည်...
ပေကျင်း၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံအတွင်း ကာကွယ်ဆေးပံ့ပိုးမှု အာမခံချက်ရှိစေရန်အတွက် ပြည်တွင်းထုတ် AstraZeneca ကိုဗစ်ကာကွယ်ဆေး တင်ပို့မှုကို ထိန်းချုပ်ရန် အစိုးရက ချိန်ဆလျက်ရှိသည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
အေသင်၊ ဇူလိုင် ၁၅ (ဆင်ဟွာ) ဂရိနိုင်ငံတွင် မကြာသေးမီက COVID-19 ရောဂါ မြင့်တက်လာခြင်းသည် မေလလယ်ပိုင်းက နိုင်ငံတကာ ခရီးသွားဧည့်သည်များအား ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းနှင့် ဆက်စပ်မှုမရှိကြောင်း ဂရိ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး Harry Theoharis က ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံသည် COVID-19 ရောဂါပြန့်နှံမှုအား ကာကွယ်ရန် ဇူလိုင် ၁၈ ရက်မှ စတင်၍ တစ်လကြာ ဗီယက်နမ်နိုင်ငံနှင့် နယ်စပ်အား ယာယီပိတ်ထားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် Ouch Borith က ပြောကြားခဲ့သည်။