ရှန်ဟိုင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် SWAT အထူးတပ်ဖွဲ့ဝင်များက ပူအိုက်သောနွေရာသီ၌ အတားအဆီးများ ဖြတ်ကျော်ခြင်း၊ သေနတ်ပစ်ခြင်း၊ အမြင့်တက်ခြင်းစသည့် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းများ ပြုလုပ်နေသည်ကို ဆင်ဟွာသတင်းဌာနမှ ရိုက်ကူးတင်ဆက်ထားပါသည်။ (Xinhua)
အန်းဟွေး၊ ဇွန် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်တွင် Wang Wenchao ဟုအမည်ရသည့် အသက် ၃၀ ကျော်အရွယ် လူငယ်လယ်သမားတစ်ဦးက မီးရှို့ထားသည့် ထင်းချောင်းများဖြင့် ရုပ်ပုံများကိုရေးဆွဲပြသည့်ရုပ်သံမှာ အင်တာနက်စာမျက်နှာများတွင် လူကြိုက်များကျော်ကြားလျက်ရှိသည်။ ဝမ်က စက္ကန့်အနည်းငယ်မှ အချိန် ၂ နာရီခန့်အတွင်း မီးရှို့ထားသည့် ထင်းချောင်းများဖြင့်ပန်းချီကားတစ်ကားကိုရေးဆွဲ နိုင်သည်။...
နယူးယောက်၊ ဇွန် ၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်က ရဲတပ်ဖွဲ့ဝင်၏ ရက်ရက်စက်စက်နှင့် လူမျိုးရေးခွဲခြားဆက်ဆံမှုကြောင့် သေဆုံးသွားခဲ့ပြီး အမေရိကန်တစ်ခွင် ဆန္ဒပြမှုများ ဖြစ်ပေါ်စေခဲ့သော George Floyd အား ဂုဏ်ပြုခြင်း အောက်မေ့ဖွယ်အခမ်းအနားကို ဇွန် ၄ ရက်က ပြုလုပ်ခဲ့ပြီး နယူးယောက်မြို့သား ထောင်ပေါင်းများစွာ စုဝေးခဲ့ကြသည်။
ဘန်ကောက် ၊ ဇွန် ၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး နှင့် သမဝါယမ ဝန်ကြီးဌာနက နိုင်ငံ နှင့် ဒေသ ၁၉၀ မှ ဝယ်ယူသူ သန်း၂၆၀ ကျော်ကို ဆွဲဆောင်ရန် ရည်ရွယ်၍ အွန်လိုင်းဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် တရုတ် e-commerce ကုမ္ပဏီကြီးဖြစ်သည့် အလီဘာဘာအုပ်စု(Alibaba...