ရှင်းကျန်း၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ် Turpan မြို့တွင် စပျစ်သီးစိုက်ခင်းနှင့် စပျစ်သီးများကို အခြောက်ပြုလုပ်ပုံအဆင့်ဆင့်ကို ဆင်ဟွာသတင်းဌာနက ရိုက်ကူးထားပါသည်။ စပျစ်သီးအစိမ်းများကို စပျစ်သီးအခြောက်လှမ်းရန်ဆောက်လုပ်ထားသည့် အဆောက်အဦလေးများအတွင်း၌ ရက်ပေါင်း ၄၀ခန့် အခြောက်လှမ်းရကြောင်းသိရသည်။(Xinhua)
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ၂၀၁၉ အာရှယူ-၁၉ အမျိုးသမီးပြိုင်ပွဲယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာယူ-၁၉အမျိုးသမီး ဘောလုံးအသင်းနှင့် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးဘောလုံးအသင်းတို့ ၏ ခြေစမ်းပွဲ ဒုတိယပွဲကို အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီခွဲ တွင် မန္တလေးမြို့၊ မန္တလာသီရိကွင်း၌ကျင်းပမည်ဖြစ်ကြောင်း...
အစ္စတန်ဘူလ်၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ သမ္မတ ရီဆက်တေရစ် အာဒိုဂန် က တူရကီတပ်ဖွဲ့များဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင်ပြု လုပ်နေသောစစ်ဖက်စစ်ဆင်ရေးက ထိုဒေသရှိပြည်သူအားလုံး၏အခွင့်အရေးများကိုကာကွယ် မှုပြုရန် သာဖြစ်၍ ဆီးရီးယားနိုင်ငံအားပိုင်းခြားခွဲထုတ်ရန်မဟုတ်ပါကြောင်း အောက်တိုဘာလ ၁၁ ရက်ကပြော ကြားခဲ့ကြောင်းသိရသည်။
ချင်းနိုင်၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာမိုဒီနှင့် အောက်တိုဘာ ၁၁ရက်က အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ် မီးထွန်းပွဲတော်ရက် များတွင် မြန်မာ့ကာတွန်း မီးပုံးပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။