ပေကျင်း၊ မေ ၁၂ ရက်(ဆင်ဟွာ) အာဖရိကနိုင်ငံများ COVID-19 ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းတွင် အားပေးကူညီရန်အတွက် တရုတ်နိုင်ငံအစိုးရမှ ဇင်ဘာဘွေ၊ ကွန်ဂို(ကင်ရှာဆာ)၊အယ်လ်ဂျီးရီးယား နိုင်ငံ သုံးနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးကျွမ်းကျင်ပညာရှင်အဖွဲ့လွှတ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၁၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၁၂ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဥရောပ အလယ်ပိုင်း ဒေသစံတော်ချိန် မေ ၁၁ ရက် ၁၀ နာရီ တွင် ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် တစ်ရက် အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာ၌ COVID-19 ထပ်မံ ကူးစက်ခံရသူ...
ထိုက်ယွမ် ၊ မေ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) သည် ရိုးသားဖြောင့်မတ်သော ကတိကဝတ်ဖြင့် တရုတ်ပြည်သူပြည်သား အားလုံးအတွက် ပျော်ရွှင်မှုများကို ဆောင်ကြဉ်ပေးနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ်သို့ သွားရောက် စစ်ဆေးသောခရီးစဉ်အတွင်း ရွာသူရွာသားများနှင့်တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ သတင်းသမားများအတွက် ရက်ပေါင်း ၉၀ နေထိုင်ခွင့် ဗီဇာကန့်သတ်မှု ပြုလုပ်ရန် အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်အပေါ် အလွန်အမင်း စိတ်ပျက်ရကြောင်း နှင့် ကန့်ကွက်ရှုံ့ချကြောင်း တရုတ်နိုင်ငံက မေ ၁၁ ရက်တွင် ပြောကြားလိုက်သည်။