ပေကျင်း၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) အီရန် မီဒီယာဝဘ်ဆိုက်များကို အမေရိကန် အစိုးရဘက်က ပိတ်ပစ်ခဲ့ခြင်းအပေါ် အီရန်အစိုးရက ဇွန် ၂၃ ရက်တွင် ဝေဖန်ခဲ့ပြီး ၎င်းလုပ်ရပ်သည် ပြုလုပ်နေဆဲဖြစ်သည့် အီရန် နျူကလီးယား ဘက်စုံသဘောတူညီချက် သက်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုအတွက် အပြုသဘောမဆောင်ကြောင်း အလေးထားပြောကြားခဲ့သည်။
ဘာလင် ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) လစ်ဗျာဆိုင်ရာ နိုင်ငံတကာအစည်းအဝေး ကိုဇွန် ၂၃ ရက်တွင် ဂျာမနီနိုင်ငံ မြို့တော် ဘာလင်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းတက်ရောက်ခဲ့ကြသည့် သက်ဆိုင်ရာအသီးသီးက ပြင်ပအင်အားစုအနေဖြင့် လစ်ဗျားအခြေအနေအပေါ် ဝင်ရောက်စွက်ဖက်မှုအား ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။
ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဆူဒန်၊ လက်ဘနွန်၊ ကမ္ဘောဒီးယား၊ လစ်ဗျားနှင့် အခြားနိုင်ငံနှင့် ဒေသများရှိ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင် ၃၀ ခုခန့်တွင် တပ်ဖွဲ့ဝင် ၄၀,၀၀၀ ကျော် စေလွှတ်ထားကြောင်း ဇွန် ၂၄ ရက်၌ ထုတ်ပြန်သည့် စက္ကူဖြူစာတမ်းအရ သိရသည်။
ဝါရှင်တန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ mRNA COVID-19 ကိုဗစ်ကာကွယ်ဆေးထိုးနောက်ပြီးနောက် လူငယ်များတွင် နှလုံးကြွက်သားယောင်ယမ်းခြင်းနှင့် နှလုံးအမြှေးပါးယောင်ခြင်းများဖြစ်ပွားမှုပေါင်း ၁,၂၀၀ ကျော် ထိရှိခဲ့ကြောင်း အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ (CDC) မှ ဇွန် ၂၃ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။
ဂျီနီဗာ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) ဆွစ်ဇာလန်နိုင်ငံသည် ဇွန် ၂၆ ရက်မှစ၍ COVID-19 ဆောင်ရွက်ချက်များစွာကို ဖြေလျှော့ပေးသွားမည်ဖြစ်ပြီး သိသာထင်ရှားစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆွစ်ဇာလန်နိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားသားများအတွက် စည်းမျဉ်းစည်းကမ်းများကိုလည်း ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။