ကုလသမဂ္ဂ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို တွန်းအားပေးရာတွင် နိုင်ငံတကာအသိုက်အဝန်းက ပို၍ အပြုသဘောဆောင်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက ဇွန် ၂၂ ရက်၌ ပြုလုပ်သော လုံခြုံရေးကောင်စီ အာဖဂန်အရေး ဗွီဒီယိုကွန်ဖရင့်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ပူတင်က ဆိုဗီယက်ပြည်ထောင်စု မဟာမျိုးချစ်စစ်ပွဲစတင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်စဥ် မိန့်ခွန်းပြောကြားချက်ကို ကိုးကား၍ ဇွန် ၂၂ ရက်၌ ဂျာမနီနိုင်ငံ 《Die Zeit》သတင်းဌာနက ဆောင်းပါးရေးသားဖော်ပြခဲ့သည်။
ကူမင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် တွင် တောဆင်ရိုင်းတစ်အုပ်သည် ဖြတ်သန်းသွားလာစဉ် တွေ့ရသော ရွှံ့အိုင်တစ်ခု၌ မြူးထူးစွာ ရွှံ့လူးနေသည့် ရုပ်သံဖိုင်ကို တင်ဆက်ထားခြင်းဖြစ်ပါသည်။ တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နားစွင့်နေကြသည့် တောဆင်ရိုင်းအုပ်သည် ၎င်းတို့နေရပ်မှ ကီလိုမီတာ ၅၀၀ အထိ ခရီးနှင်လာကြခြင်းဖြစ်သည်။ ဆင်အုပ်သည်...
ဂျကာတာ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ကျေးလက်ဒေသတွင် သက်ကြီးရွယ်အို ဒေသခံများအား မက်လုံးပေးသည့်အနေဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံပါက ကြက်အရှင်တစ်ကောင် ရရှိမည်ဟု ဒေသခံအာဏာပိုင်များက ကမ်းလှမ်းထားကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် Tianhe အာကာသပင်မစခန်း တွင် နေထိုင်သော အာကာသယာဉ်မှူးများနှင့် ဇွန် ၂၃ ရက် နံနက်ပိုင်း၌ စကားပြောဆိုခဲ့ကြောင်း သိရသည်။