ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဥပဒေပြုလွှတ်တော် ဖြစ်သော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ဒုတိယနှစ်ပတ်လည်အစည်းအဝေး တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးအား မတ်လ ၁၂ ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဓာတုဗေဒ ဘာသာရပ် ဖြေဆိုသူပေါင်း ၇၂၅,၇၀၁ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
ကာရာကာ့စ်၊ မတ် ၁၂ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံအစိုးရက နိုင်ငံအတွင်း မတ် ၇ ရက် ညနေပိုင်းမှ စ၍ ဖြစ်ပေါ်နေသည့် မီးအမှောင်ကျမှု အဆုံးသတ်ရေး ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ် လေးခုကို မတ် ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဆော်ပေါ်လို၊ မတ် ၁၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ၏ အကြီးဆုံးမြို့ဖြစ်သည့် ဆော်ပေါ်လိုမြို့ နှင့် အခြားသော မြို့ပြဧရိယာများတွင် မိုးသည်းထန်စွာရွာသွန်းမှု နှင့် ရေကြီးမှုများကြောင့် အနည်းဆုံး လူ ၁၁ဦးသေဆုံးပြီး အခြားလူ ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက မတ် ၁၁ရက်တွင်ပြောကြားခဲ့သည်။
နယူးဒေလီ ၊ မတ် ၁၂ ရက် (ဆင်ဟွာ) ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က ကက်ရှ်မီးယားပြည်နယ် ၊ ပါလ်ဝမ်မာမြို့၌ အိန္ဒိယရဲတပ်ဖွဲ့လေ့ကျင့်ရေးသင်တန်းကျောင်း(CRPF) တိုက်ခိုက်ခံရပြီး အနည်းဆုံး လုံခြုံရေးတပ်ဖွဲ့ဝင် ၄ဝ ဦးသေဆုံးခဲ့ရသည့် ဖြစ်စဉ်တွင် နောက်ကွယ်မှ အဓိကကြိုးကိုင်သူ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များက မတ်...