ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် လုပ်ငန်းဆောင်ရွက်မှုတစ်ချို့ ကြောင့် လျှပ်စစ်မီးခေတ္တပြတ်တောက်မှုများမှအပ ၂၀၂၀ပြည့်နှစ် မေလအတွင်း ၂၀၁၉ ခုနှစ်က ကဲ့သို့ အလှည့်ကျ မီးပျက်ရန် မရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အထွေထွေမန်နေဂျာ ဦးကျော်သူက ပြောကြားခဲ့သည်။
ဂျီနီဗာ ၊ မေ ၁၀ ရက်(ဆင်ဟွာ) ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)က ဆေးလိပ်သောက်သုံးခြင်းဖြင့် COVID-19 ရောဂါကို ကာကွယ်တားဆီးနိုင်ခြင်း မရှိကြောင်း မေ ၈ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား အတိုးနှုန်းလျော့ချကာ မေလ ၁၅ ရက်မှ စတင်ပြီး ထုတ်ချေးပေးမည်ဖြစ်ကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနထံမှ သိရသည်။
ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ) နိုဗယ် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ လျှို့ဝှက်ပူးပေါင်းကြံစည်မှုသီအိုရီများ ပျံ့နှံ့စေခဲ့သူများသည် မကောင်းသော ရည်ရွယ်ချက်များ ရှိလျှင်ရှိ သို့မဟုတ် ဗဟုသုတလုံးဝမရှိဘဲ လုပ်ဆောင်နေခြင်းသာ ဖြစ်ပါသည်။
ချိုမိုလန်းမားတောင် အခြေစိုက်စခန်း၊ မေ ၉ ရက် (ဆင်ဟွာ) ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့်ချိုမိုလန်းမားတောင်၏ နေ့ နှင့် ည အလှမြင်ကွင်းများဖြစ်ပါသည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Tingri နယ်မြေ၏ ပင်လယ်ရေမျက်နှာပြင်အထက် ၅,၂၀၀ မီတာတွင်တည်ရှိ သော အခြေစိုက်စခန်းကိုရောက်ရှိနေကြသည့် ဆင်ဟွာသတင်းဋ္ဌာနမှ သတင်းထောက်များ ကရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ (Xinhua)...