ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက နိုင်ငံခြားသို့ တင်ပို့နိုင်သော ကာကွယ်ဆေးထုတ်ကုန်စာရင်းတွင် ပြည်တွင်း၌ ဈေးကွက်တင်ရောင်းချခွင့် ရရှိထားသော COVID-19 ကာကွယ်ဆေးလေးမျိုးလည်း ပါဝင်ကြောင်း သိရသည်။
ဆော်ပိုလို ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဇွန် ၂၂ ရက်ညပိုင်းအချိန်၌ ထုတ်ပြန်ခဲ့သည့် နောက်ဆုံးစာရင်းပြုစုချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၈၇,၈၂၂ ဦးရှိပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၈,၀၅၄,၆၅၃ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊...
မော်စကို ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) အမေရိကန် နှင့် ဗြိတိန်နိုင်ငံတို့သည် ရုရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်၏ ဝက်ဘ်ဆိုဒ်ကို ပစ်မှတ်ထား၍ ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံက စွပ်စွဲပြောကြားလိုက်သည်။
နယူးဒီလီ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက မဟာရက်ရှ်ထရာ၊ ကီရာလာနှင့် မဇ္ဈဒေသပြည်နယ် (Madhya Pradesh) စသည့် ပြည်နယ် ၃ ခုတွင် Delta Plus ဟုအမည်ရှိသော COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်အသစ်အတွက် သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
ကိုလံဘို ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတစ်ဝှမ်း တစ်လကြာ ခရီးသွားလာမှုကန့်သတ်ချက်အား ဇွန် ၂၁ ရက်တွင် တာဝန်ရှိသူများက ဖြေလျှော့လိုက်ပြီးနောက် လွန်ခဲ့သော ၂၄ နာရီအတွင်း ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၁၁ ဦး ရှိကြောင်း သီရိလင်္ကာနိုင်ငံရဲတပ်ဖွဲ့က ဇွန် ၂၂ ရက်တွင် သိရသည်။