ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့(မေ ၉ ရက်)အထိ COVID-19အတည်ပြုလူနာ ၁၇၈ဦးရှိပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၆၈) ဦးနှင့် ၎င်းတို့အနက် ဆေးရုံမှ ဆင်းခွင့်ပြုသူ (၄၆) ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မေ ၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် လျင်မြန် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာ စံနှုန်းအတိုင်း နိုင်ငံတော်မှအကြမ်းဖက် ဟုသတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများ၌ မေလ ၁၀ ရက်မှ...
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ COVID-19 အတည်ပြုလူနာများ၌ တွေ့ရှိရသော ထပ်တိုးရောဂါလက္ခဏာများကို မေ ၉ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ) ယခုနှစ်အတွက် အဖွဲ့ဝင်ကြေးနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှုအတွက် သတ်မှတ်ငွေများ အပြည့်အဝထည့်ဝင်ခဲ့ခြင်းအားဖြင့် ကုလသမဂ္ဂအပေါ် တရုတ်နိုင်ငံ၏ ထောက်ခံမှုသည် ခိုင်မာလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင်က မေ ၈ ရက်တွင် ပြောကြားလိုက်သည်။