ပေကျင်း၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) အစိုးရဆန့်ကျင်ရေး တာလီဘက်လက်နက်ကိုင်များသည် အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း Kandahar ပြည်နယ်၏ အရေးကြီးသည့်ဒေသ Panjwayiကို သိမ်းပိုက်လိုက်ပြီဖြစ်ရာ ပြည်သူလူထုအမြောက်အမြား ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ယင်းပြည်နယ်အစိုးရအရာရှိတစ်ဦးက ဇူလိုင် ၄ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
ဘန်ကောက် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပြင်ရှိ သုဝဏ္ဏဘုမ္မိလေဆိပ်အနီးက ဓာတုစက်ရုံတစ်ရုံသည် ယနေ့ ဇူလိုင် ၅ ရက် အစောပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ မီးလောင်ကျွမ်းမှုကြောင့် လူ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဂျကာတာ ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံသို့ ဝင်ရောက်ရာတွင် နိုင်ငံခြားသံတမန်များ နှင့် ဝန်ကြီးအဆင့် တာဝန်ရှိသူများမှလွဲ၍ နိုင်ငံခြားသားများ အားလုံးသည် polymerase chain reaction (PCR) စစ်ဆေးမှုဖြင့် ရောဂါပိုး ကင်းစင်ကြောင်း နှင့် COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်များကို ပြသရန် လိုအပ်ကြောင်း...
နယူးယောက် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဂျွန်အက်ဖ်ကနေဒီ(JFK) အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ထိန်းချုပ်ရေးတာဝါမျှော်စင်တွင် ရေယိုစိမ့်မှုတစ်ခုဖြစ်ပွားခဲ့ခြင်းကြောင့် စနေနေ့ညနေပိုင်းက လေယာဉ်ခရီးစဉ်ရာပေါင်းများစွာ နှောင်းနှေ့ကြန့်ကြာခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများ ပြုလုပ်ခဲ့ရကြောင်း မီဒီယာများ၏ တနင်္ဂနွေနေ့ ဖော်ပြချက်အရ သိရသည်။
ကျိုချွမ် ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက မိုးလေဝသဂြိုဟ်တုသစ် တစ်စင်းအား နိုင်ငံအနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇွန် ၅ ရက် နံနက်ပိုင်းတွင် စီစဉ်ထားသည့်အတိုင်း ဂြိုဟ်ပတ်လမ်းအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။