ချိုမိုလန်းမားတောင် ၊ မေ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ မြေတိုင်းကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့သည် မေ ၂၇ နံနက်ပိုင်းတွင် ကမ္ဘာ့အမြင့်ဆုံးချိုမိုလန်းမား တောင်ထိပ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ် ပြီး ကမ္ဘာ့အမြင့်ဆုံးတောင်၏ အမြင့်ပေအားအတိအကျပြန်လည်တိုင်းတာမှုပြုလုပ်နေသည့်မြင်ကွင်းကိုအောက်ပါလင့်ခ်မှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။(Xinhua)
ဟောင်ကောင်၊ မေ ၂၇ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ဟောင်ကောင်၌ ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအကြား သားကောင်တစ်ဦးဖြစ်ခဲ့ရသူ တစ်ဦး၏ အဖြစ်အပျက်ကို ရိုက်တာသတင်းဌာနမှ ဓာတ်ပုံဆရာ သောမတ်စ်ပီတာ က ရိုက်ကူးခဲ့ပြီးနောက် ထိုဓါတ်ပုံသည်၂၀၂၀ ပြည့်နှစ်တွင် ပူလစ်ဇာဆုချီးမြှင့်ခြင်းခံခဲ့ရသည်။ ဆင်ဟွာသတင်းဋ္ဌာနမှ အဆိုပါ အပြစ်မဲ့...
ချိုမိုလန်းမားတောင် ၊ မေ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ မြေတိုင်းကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကမ္ဘာ့အမြင့်ဆုံးချိုမိုလန်းမား တောင်ထိပ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ကမ္ဘာ့အမြင့်ဆုံးတောင်၏ အမြင့်ပေကို အတိအကျပြန်လည်တိုင်းတာရန်အတွက် နိုင်ငံတော်မှ အထူးစေလွှတ်ခြင်းခံရသော ယင်းပညာရှင်အဖွဲ့သည် သမိုင်းဝင်ခြေလှမ်းတစ်ရပ်ကို အစပြုလိုက်ခြင်းဖြစ်ကြောင်း တောင်တက်အဖွဲ့၏ မြေပြင်အခြေစိုက်စခန်းမှ သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။(Xinhua)
ရန်ကုန်၊ မေ ၂၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့မရဲစခန်းမှူး ဒုတိယရဲမှူးသိန်းဆွေမြင့် (ယခု ယာယီရဲမှူး၊ ဟိုပန်မြို့နယ် ရဲတပ်ဖွဲ့မှူး)အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ မေ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံအရေးအတိုင်ပင်ခံအဖွဲ့ဖြစ်သော ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံ (CPPCC) အမျိုးသားကော်မတီ တတိယအကြိမ်မြောက်အစည်းအဝေး ပိတ်ပွဲအခမ်းအနားကို မေ ၂၇ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။