ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ) အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေကော်မတီက တရားမကျင့်ထုံးဥပဒေမူကြမ်းနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသအား အမျိုးသားလုံခြုံရေး ထိန်းသိမ်းရန်အတွက် ဥပဒေစနစ်နှင့် ဥပဒေစိုးမိုးရေးဆောင်ရွက်မှုယန္တရားများ တည်ဆောက်မှုနှင့် တိုးတက်မှုဆိုင်ရာ NPC ၏ ဆုံးဖြတ်ချက်မူကြမ်းတို့ကို မေ ၂၅ ရက်က တင်ပြဆွေးနွေးခဲ့ကြောင်း...
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီမှ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်အား တာဝန်ပေးရန် အတည်ပြုခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက မေ ၂၆ ရက်တွင် ပြောကြားသည်။
ပေကျင်း ၊ မေ ၂၆ ရက်(ဆင်ဟွာ) ဟောင်ကောင်အရေးသည် လုံးဝဥဿုံတရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပြီး အမေရိကန်အနေဖြင့် ဝေဖန်ရန် သို့မဟုတ် ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေးမရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်း(Zhao Lijian) က မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများအား ကျော်လွှားနိုင်ရေးအကူအညီပေးရန် ဘဏ္ဍာရေး၊ အခွန်စည်းကြပ်ကောက်ခံရေး၊ လူမှုလုံခြုံရေး နှင့်အခြားသော နယ်ပယ်များတွင် မူဝါဒများစွာ ထုတ်ပြန်ခဲ့ကြောင်း စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဝန်ကြီး မြောင်ဝေ က မေ ၂၅...