ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှုပပျောက်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နေသည့် အချက်များကို ILO မျက်နှာစာမှ တဆင့် နိုင်ငံတကာသို့ ပြသမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
နန်နင်း ၊ မတ် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီဇူအန်း(Guangxi Zhuang) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂ဝ၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သော ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အစီအစဉ်အရ ယခုနှစ် ဖေဖော်ဝါရီ ၂၈ရက် မှစတင်ကာ စုစုပေါင်း နွမ်းပါးပြည်သူ ၆၉၅,ဝဝဝ ဦးကို ပိုမိုကောင်းမွန်သော လူနေမှုဘဝသို့ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးစား နိုင်ငံပိုင်စီးပွားရေးဘဏ်များသည် အသေးစား နှင့် မိုက်ခရိုစီးပွားရေးလုပ်ငန်းများ အတွက် ချေးငွေအား ၂၀၁၉ခုနှစ်တွင် ၃၀ရာခိုင်နှုန်းကျော် တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အစိုးရအလုပ်အစီရင်ခံစာအရ သိရသည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ၂၀၁၉ ခုနှစ်အတွင်း မိုဘိုင်းအင်တာနက်ဝန်ဆောင်မှု ပျမ်းမျှနှုန်းထား ၂၀ ရာခိုင်နှုန်းကျော် လျှော့ချမည် ဖြစ်ကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် Broadband ဝန်ဆောင်မှု ပျမ်းမျှနှုန်းထားအား ၁၅ ရာခိုင်နှုန်း လျှော့ချမည် ဖြစ်ကြောင်း အလုပ်အစီရင်ခံစာအရ သိရသည်။