အော့တဝ ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ကနေဒါ နိုင်ငံ နှင့် အမေရိကန် နိုင်ငံ ရှိ အချို့သော ဒေသများတွင် အပူလှိုင်းဖြတ်သန်း တိုက်ခတ်မှုကြောင့် အပူချိန်သည် သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်သစ်များ တင်ခဲ့ကြောင်း သိရသည်။
ဂျာကာတာ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ကမ်းလွန်၌ ဇွန် ၂၉ ရက်က လူပေါင်းများစွာလိုက်ပါလာသော ခရီးသည်တင်သင်္ဘောတစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာ လူ ၆ ဦး သေဆုံးပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ကယ်ဆယ်ရေးသမားတစ်ဦး နှင့် ရဲအရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ(CPC)တွင် ဇွန် ၅ ရက်အထိ ပါတီဝင် ဦးရေ ၉၅ ဒသမ ၁၄၈ သန်းရှိကြောင်း CPC ဗဟိုကော်မတီ အဖွဲ့အစည်းဌာနက ဇွန် ၃၀ ရက်တွင် ကြေညာခဲ့သည်။ (Xinhua) ——————————————————– (English Version)...
ဝါရှင်တန် ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရပြီး ယင်းတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရရှိမှု မရှိကြောင်း အမေရိကန်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ဇွန် ၂၈ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံ အရှေ့ပိုင်း ဆစ်ဒနီမြို့နှင့် မြောက်ပိုင်း ဒါဝင်မြို့ကို လော့ခ်ဒေါင်းချပြီးနောက် အနောက်ပိုင်းရှိ ပါ့သ်မြို့ကို ဇွန် ၂၉ ရက်တွင် လော့ခ်ဒေါင်း (၄)ရက်ချခဲ့ရာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ် Delta၏ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် ဖြစ်ကြောင်း သိရသည်။