ဟူးဟောက်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်-ဥရောပကုန်တင်ရထားစီးရေ စုစုပေါင်း ၇,၀၂၀ စီးသည် ၂၀၁၃ ခုနှစ်မှစ၍ တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Erenhot မြို့ နယ်စပ်စခန်းမှတစ်ဆင့် ဖြတ်သန်းသွားလျက်ရှိကြောင်း တရုတ် ဟူးဟောက်ရထားလုပ်ငန်းဗျူရို ကုမ္ပဏီလီမိတက်အရ သိရသည်။
ပေကျင်း ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ကပ်ရောဂါတိုက်ဖျက်ရေး အကူအညီကို ကမ္ဘာ့နိုင်ငံပေါင်း ၁၅၁ နိုင်ငံ နှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း ၁၄ ခုထံသို့ ၂၀၂၁ ခုနှစ် ဧပြီလကုန်အထိ ထောက်ပံ့ခြင်း သို့မဟုတ် ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ယနေ့ ဇွန် ၂၄ ရက်တွင်...
ပေကျင်း၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) အီရန် မီဒီယာဝဘ်ဆိုက်များကို အမေရိကန် အစိုးရဘက်က ပိတ်ပစ်ခဲ့ခြင်းအပေါ် အီရန်အစိုးရက ဇွန် ၂၃ ရက်တွင် ဝေဖန်ခဲ့ပြီး ၎င်းလုပ်ရပ်သည် ပြုလုပ်နေဆဲဖြစ်သည့် အီရန် နျူကလီးယား ဘက်စုံသဘောတူညီချက် သက်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုအတွက် အပြုသဘောမဆောင်ကြောင်း အလေးထားပြောကြားခဲ့သည်။
ဘာလင် ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) လစ်ဗျာဆိုင်ရာ နိုင်ငံတကာအစည်းအဝေး ကိုဇွန် ၂၃ ရက်တွင် ဂျာမနီနိုင်ငံ မြို့တော် ဘာလင်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းတက်ရောက်ခဲ့ကြသည့် သက်ဆိုင်ရာအသီးသီးက ပြင်ပအင်အားစုအနေဖြင့် လစ်ဗျားအခြေအနေအပေါ် ဝင်ရောက်စွက်ဖက်မှုအား ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။
ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဆူဒန်၊ လက်ဘနွန်၊ ကမ္ဘောဒီးယား၊ လစ်ဗျားနှင့် အခြားနိုင်ငံနှင့် ဒေသများရှိ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင် ၃၀ ခုခန့်တွင် တပ်ဖွဲ့ဝင် ၄၀,၀၀၀ ကျော် စေလွှတ်ထားကြောင်း ဇွန် ၂၄ ရက်၌ ထုတ်ပြန်သည့် စက္ကူဖြူစာတမ်းအရ သိရသည်။