ဂျေရုဆလမ် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့၏ မြောက်ဘက် ၆၀ ကီလိုမီတာအကွာ Binyamina မြို့ရှိ စာသင်ကျောင်းနှစ်ကျောင်း၌ COVID-19 ရောဂါကူးစက်မှု ဖြစ်ပွားကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဒါကာ ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံ၏ဒေသများစွာ၌ COVID-19 ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးမှုကို ပြန်လည်စတင်လိုက်ပြီး တရုတ်နိုင်ငံမှ Sinopharm ကိုဗစ်ကာကွယ်ဆေးများ ပေးအပ်လှူဒါန်းခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း သိရသည်။
ကွမ်ကျိုး ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) အလျား၂၄ ကီလိုမီတာရှိသော ပင်လယ်ရေအောက်ဥမင်လှိုဏ်ခေါင်းပါ အဝေးပြေးလမ်း စီမံကိန်းသစ် တစ်ခုကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံး-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသ၌ ဒေသတွင်း သယ်ယူပို့ဆောင်ရေး တွန်းအားပေးနိုင်ရန်ရည်ရွယ်၍ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ရှန်ဟိုင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) ရှန်ဟိုင်းမြို့၏အမြင့်ဆုံးနေရာတွင်တည်ရှိပြီး တိမ်စိုင်တိမ်သားများထဲတွင်ထိုးဖောက်ထွက်ပေါ်နေသည့် ရှန်ဟိုင်းတာဝါရှိ J Hotel အား ပြီးခဲ့သည့် စနေနေ့က ဖွင့်လှစ်ခဲ့ရာ ၎င်းမှာ ကမ္ဘာ့အမြင့်ဆုံး ဇိမ်ခံဟိုတယ်ဖြစ်လာမည်ဟုသိရသည်။ J Hotel ဟု အမည်ပေးထားသည့် ဟိုတယ်မှာ ကမ္ဘာ့ ဒုတိယ အမြင့်ဆုံး အဆောက်အဦးအဖြစ်...
ဝူးလူမုချီ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဓါတ်ငွေ့ထုတ်လုပ်ငန်းတစ်ခုဖြစ်သည့် PetroChina ၏ လုပ်ငန်းခွဲ Tarim ရေနံတူးဖော်ရေးလုပ်ငန်းသည် ရေနံနှင့်သဘာဝဓါတ်ငွေ့ တန်ချိန် ၁ ဘီလီယံ အထိထွက်ရှိနိုင်သော ရေနံသိုက် အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သောကြာနေ့က သတင်းထုတ်ပြန်သည်။