ပေကျင်း၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ခေတ်သစ်တွင် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒကျင့်သုံးမှုနှင့်အတူ အလေးထားလုပ်ဆောင်ရန် မဟာဗျူဟာမြောက်အရွေ့တစ်ခုအဖြစ် လွတ်လပ်သောကုန်သွယ်မှု (FTZ) ရှေ့ပြေးဇုန်သစ် ၆ ခုအတွက် မာစတာပလန် (အထူးအစီအစဉ်) တစ်ခုအား သြဂုတ် ၂၆ ရက်တွင် ကြေညာလိုက်သည်။
တိုကျို၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဖူဂျီတောင်ပေါ် တက်နေစဉ် ပြုတ်ကျလာသည့်ကျောက်တုံးများ ထိမိရာမှ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံမီဒီယာနှင့် ရဲတပ်ဖွဲ့က သြဂုတ်လ ၂၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ငွေကျပ် ၃၃၈,၄၀၀,၀၀၀တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၆၉,၂၀၀ ပြား ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ချန်ဒူး ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၌ လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ ကျော်က ကျောက်သား နံရံတွင် ထွင်းထု ထားသော ရှေးဟောင်း ဗုဒ္ဓ ဆင်းတုတော် ပန်းပုလက်ရာများအား တွေ့ရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပေကျင်း၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဘုရင် နိုရိုဒွန်သီဟာမိုနီ(Norodom Sihamoni) နှင့် မယ်တော် Norodom Monineath Sihanouk တို့သည် တရုတ်နိုင်ငံ ပေကျင်းမြို့ သို့ သြဂုတ် ၂၆ ရက် တွင်လေယာဉ်ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)