ရှန်ဟိုင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းရှိ ကုမ္ပဏီတစ်ခုသည် အသင့်ဆောက်လုပ်ပြီးသားအစိတ်အပိုင်းများဖြင့် လူနေအိမ်ရာများ တည်ဆောက်ခြင်းကို စတင်ခဲ့ကြောင်းသိရသည်။ အသင့်ဆောက်လုပ်ခြင်း ဆိုသည်မှာ အဆောက်အဦးအတွက် လိုအပ်သော အစိတ်အပိုင်းများကို အသင့် ပြင်ဆင် ဖြတ်တောက်ထားခြင်းမျိုး ဖြစ်သောကြောင့် ထိရောက်မှုရှိပြီး စွမ်းအင်ချွေတာရာရောက်သည်။ ထို့အပြင် လုပ်သားလိုအပ်ချက်လည်းလျှော့ချနိုင်ပြီး...
ကိုင်ရို ၊ မေ ၂၄ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံသည် တရုတ်နိုင်ငံ၏ Sinovac COVID-19 ကာကွယ်ဆေး ထုတ်လုပ်ရန် ပထမသုတ် ကုန်ကြမ်းများအား လက်ခံရရှိခဲ့ကြောင်း အီဂျစ်နိုင်ငံရှိ တရုတ်နိုင်ငံသံရုံးက မေ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ဟန်ကျိုး၊ မေ ၂၄ ရက် (ဆင်ဟွာ) 5 G ကွန်ရက်ဖြင့် ချိတ်ဆက်ထားသည့် လူနာတင်ယာဉ်များ၊ ဆေးဝါးအထောက်အပံ့များ ပို့ဆောင်ပေးသည့် ဒရုန်းများ နှင့် ရွေ့လျားစကင်ဖတ်စက်များကို တရုတ်နိုင်ငံ ကျဲ့ကျန်းရှိ ဆေးရုံများတွင် တပ်ဆင်ကာ အဆင့်မြှင့်တင်ထားကြောင်း သိရသည်။ ထိုဆေးရုံများထဲမှ ကျဲ့ကျန်းဆေးပညာတက္ကသိုလ်တွင် ၂၄ နှစ်ကြာတာဝန်ထမ်းဆောင်လျက်ရှိသည့် ယီမင်လူမျိုး...
အစ္စလာမ်မာဘတ် ၊ မေ ၂၄ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် အီမရန်ခန်း(Imran Khan)က တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CEPC) သည် ပါကစ္စတန်နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုသာမက ဒေသတွင်းတစ်ခုလုံးအတွက်လည်း ဖွံ့ဖြိုးမှုကို ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း မေ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ကင်ရှာဆာ ၊ မေ ၂၄ ရက်(ဆင်ဟွာ) ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(DRC)၏ အရှေ့မြောက်ပိုင်းပြည်နယ် North Kivu ၌ မတ် ၂၂ ရက် ညပိုင်းက Nyiragongo မီးတောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကွန်ဂိုနိုင်ငံ တာဝန်ရှိသူများထံမှ သိရသည်။