လူဘယ်လ်ဂျားနား၊ မတ် ၂၁ ရက် (ဆင်ဟွာ) ဆလိုဗေးနီးယားနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးတွင် ကူညီရန် တရုတ်နိုင်ငံမှ လှူဒါန်းသော ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း အခုရေ ၃၀၀,၀၀၀ သည် ဘယ်လ်ဂျီယံနိုင်ငံမှတစ်ဆင့် လူဘယ်လ်ဂျားနားမြို့သို့ မတ် ၂၀ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နီကိုးဆီးရား၊ မတ် ၂၁ ရက် (ဆင်ဟွာ) ဆိုက်ပရပ်စ်နိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှုအပေါ် ကျေးဇူးတင်ကြောင်း ဆိုက်ပရပ်စ် သမ္မတ နီကို့စ် အန်နက်စ်တေးရှားဒီးစ် (Nicos Anastasiades) က ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်မှုလွယ်ကူစေရန်နှင့် အလုပ်ခန့်ထားမှုသေချာစေရေးအတွက် ပိုမိုကြိုးပမ်းအားထုတ်ကြရန် မတ် ၂၀ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
ပေကျင်း ၊ မတ် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ် က တရုတ် နိုင်ငံ အစိုးရ အနေဖြင့် WHO အပါအဝင် နိုင်ငံပေါင်း ၈၂ နိုင်ငံ အား ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း...