ဝူဟန့်၊ မတ် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ငါးရက်ဆက်တိုက် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ရောဂါ အသစ်ဖြစ်ပွားသူမရှိခဲ့ဘဲ မတ် ၂၃ ရက်၌ ရောဂါပိုးရှိကြောင်း အတည်ပြုလူနာအသစ်တစ်ဦးသာ ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံသို့ နှာခေါင်းစည်းအခုရေ ၆၀,၀၀၀ ပေးအပ်လှူဒါန်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ) COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူ လူနာ တစ်ဦး သွားရောက်ခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ရွာတစ်ရွာကို Lock Down (သို့မဟုတ်) Community Quarantine စတင်ဆောင်ရွက်နေပြီး ၎င်းနှင့် ထိတွေ့ခဲ့သူအားလုံးကို သီးသန့်ခွဲခြားပြီး Quarantine စတင် လုပ်ဆောင်နေပြီ...
ဒါကာ ၊ မတ် ၂၄ ရက်(ဆင်ဟွာ) နိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်မှုမြင့်တက်လာခြင်းကြောင့် လိုအပ်သော အစီအမံများဆောင်ရွက်နိုင်ရန် မတ် ၂၆ ရက်မှ ဧပြီ၄ ရက်အထိကို အများပြည်သူရုံးပိတ်ရက်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။
ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်တက္ကသိုလ် ပညာရေးအဖွဲ့ ၏ အရေးပေါ်ဆုံးဖြတ်ချက်အရ ရန်ကုန်တက္ကသိုလ် စာမေးပွဲများ အားလုံးကို ယနေ့ မတ် ၂၄ ရက်မှ စတင်၍ ရပ်ဆိုင်းလိုက်ကြောင်း ရန်ကုန်တက္ကသိုလ်၊ ပညာရေးအဖွဲ့ က မတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။