ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးဆိုင်ရာကော်မတီသည် အဓိက မီးဘေး အန္တရာယ်များကို ဖော်ထုတ်ဖယ်ရှားနိုင်ရန် အားထုတ်ကြိုးပမ်းမှုတစ်ရပ်အဖြစ် နိုင်ငံ၏ အထပ်မြင့် အဆောက်အအုံများကို စစ်ဆေးမှုပြုရန်တောင်းဆိုထားသည့် နှိုးဆော်စာတစ်စောင်ကို ထုတ်ပြန်ခဲ့ သည်ဟု တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ယိုအန်ဒီ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) အာဖရိကတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ၄ ကြိမ်ဆွတ်ခူးနိုင်ခဲ့သည့် ဆမ်မြူရယ်အီတူးမှာ ကင်မရွန်းဘောလုံးအဖွဲ့ချုပ် (FECAFOOT) ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
မက်ဒရစ်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) သီတင်းပတ်ကြားရက်တွင်ကစားခဲ့သည့် အိုလံပီယာကို့စ်နှင့် ချန်ပီယံလိဂ်အဝေးကွင်းပွဲတွင် ၄-၃ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် နိုဝင်ဘာ ၃၀ ရက်တွင် ဂျီရိုနာကွင်းသို့ သွားရောက်ကစားရမည့် လာလီဂါပွဲတွင် ပိုမို ကောင်းမွန်သည့် ကစားပုံဖြင့်ကစားနိုင်ရန် ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုက အလိုရှိနေသည်။
ကိဗ်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) အမေရိကန်နှင့် ယူကရိန်း၏ အခြားမိတ်ဖက်များအပြင် ရုရှားနှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ အကြီးအကဲသစ်အဖြစ် ရူစတမ် အူမာရော့ဗ်အား ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ပြည်တွင်းမီဒီယာများက နိုဝင်ဘာ ၂၉ ရက်၌ ဖော်ပြခဲ့သည်။
ဘာလင်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) နိုဝင်ဘာ ၂၉ ရက်က ကစားခဲ့သည့်ဘွန်ဒက်စ်လီဂါပွဲတွင် ဘိုင်ယန်မြူးနစ်က လူးဝစ်ဒီယာ့ဇ်၊ နီကိုးလက်စ် ဂျက်ဆင်တို့၏ ဒဏ်ရာရအချိန်ပိုတွင် သွင်းယူခဲ့သည့် နောက်ကျဂိုးနှစ်ဂိုးဖြင့် စိန့်ပေါ်လီကို အိမ်ကွင်း၌ ၃-၁ ဂိုး ရလဒ်ဖြင့် အနိုင်ရကာ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားထိပ်ဆုံတွင် ရပ်တည်နေမှုကို ဆက်လက် ထိန်းသိမ်းသွားခဲ့သည်။