ကိုလံဘို၊ အောက်တိုဘာလ ၃၀ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေနှင့် သီရိလင်္ကာနိုင်ငံအား ကြွေးမြီထောင်ချောက်အခြေအနေမှ ရုန််း ထွက်နိုင်ရေးနှင့် ပြည်သူများ၏လူနေမှုဘဝကောင်းမွန်စေရေးအတွက်ဆိပ်ကမ်းများ၊လမ်းများတည် ဆောက်ခြင်းနှင့်ရေကြောင်းထိန်းသိမ်းရေးလုပ်ငန်းစီမံကိန်းများဆောင်ရွက်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက် မှုရှိစေရေးတို့အတွက် အကူအညီပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံသံအမတ် Cheng Xueyuan က အောက်တိုဘာလ ၂၉ ရက်ကပြောကြားခဲ့သည်။
မနီလာ၊အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် အောက်တိုဘာ ၂၉ ရက်က အင်အား ၆ အဆင့်ကျော်ရှိသည့် အင်အားပြင်းငလျင်နှစ်ခု ဆက်တိုက်လှုပ်ခတ်ခဲ့ရာ လူ ၅ ဦးသေဆုံးပြီး လူ ၄၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင်အမျိုးသား သဘာ၀ဘေးအန္တရာယ် လျော့ချရေး စီမံခန့်ခွဲမှု ကော်မတီက အောက်တိုဘာ ၃၀...
ရန်ကုန် ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် ဖယ်ခုံ မြို့နယ် နှင့် ပင်လောင်း မြို့နယ်များ အတွင်း စိုက်ပျိုးထားသော ဘိန်းစိုက်ခင်း ၄၉ ဧကခန့် အား ဌာနဆိုင်ရာနှင့် ကျေးရွာနေ ပြည်သူများပါဝင်သောပူးပေါင်းအဖွဲ့က ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ...
ဝုဒ်ဘရစ်ချ်မြို့နယ်၊ အမေရိကန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် ဝုဒ်ဘရစ်ချ်မြို့နယ် လူနေရပ်ကွက်အတွင်း အောက်တိုဘာ ၂၉ ရက်က လေယာဉ်ငယ်တစ်စင်း ပျက်ကျသွားခဲ့ရာ နေအိမ်သုံးလုံးမီးလောင်ခဲ့ပြီး လေယာဉ်မှူး သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။
ဝါရှင်တန်၊အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရှိ F-35 Lighting II တိုက်လေယာဉ် ၄၇၈ စင်း ထပ်မံဖြည့်စွက် ဝယ်ယူရန် သဘောတူညီခဲ့ကြောင်း အမေရိကန်အစိုးရအရာရှိတစ်ဉီးက အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။