ဘရပ်ဆဲလ် ၊စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဥရောပကောင်စီ ဥက္ကဋ္ဌ ချားလ်စ် မိုက်ကယ်သည် စက်တင်ဘာ ၂၂ ရက်တွင် အသွားအလာကန့်သတ်နေထိုင်ခဲ့ပြီးနောက် ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူက တွစ်တာ၌ ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) YBS မော်တော်ယာဉ်များ တွင် ငွေပေးချေသည့် စနစ်အဖြစ်အသုံးပြုလျက်ရှိသော Yangon Payment Service (YPS) ဝန်ဆောင်မှုစင်တာများနှင့် အရောင်းစင်တာများကို အောက်တိုဘာ ၇ ရက်အထိ ယာယီရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။
ဟူးဟောက်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၄ ခုနှစ်မှစ၍ နယ်စပ်စခန်းမြို့ဖြစ်သော Erenhot မှတစ်ဆင့် တရုတ်-ဥရောပ ကုန်စည်ရထား စုစုပေါင်း ၅,၀၈၈ စင်း ဖြတ်သန်းသွားလာခဲ့ကြောင်း ဒေသရထားလမ်းလုပ်ငန်း၏ သတင်းရင်းမြစ်များအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ကိုကိုးကျွန်းမှအပ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး Stay at Home အစီအစဉ် ခြွင်းချက်ဖြင့် ခွင့်ပြုဝန်ထမ်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၂ ရက် ညပိုင်းက ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၁၆ ဦးထပ်မံ စစ်ဆေးတွေ့ရှိခဲ့ပြီး အတည်ပြုလူနာများထဲမှ ၁ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ယနေ့ ( စက်တင်ဘာ ၂၃ ရက်)နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။