လီမာ၊ မတ် ၁၄ ရက် (ဆင်ဟွာ) ပီရူးနိုင်ငံ၏ သမ္မတ Martin Vizcarraရှေ့မှောက်တွင် မတ် ၁၁ ရက်က ရုပ်ရှင်နှင့် ဒါရိုက်တာအဖြစ်မှ နိုင်ငံရေးသမား အဖြစ်ဝင်ရောက်လာသော Salvador del Solarသည် ဝန်ကြီးချုပ်အသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်နိုင်ငံလုံး ရှိ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ် ကို ဖြေဆိုမှုရာခိုင်နှုန်း ၉၆.၈၁ ရာခိုင်နှုန်းရှိပြီး၊ ဘောဂဗေဒဘာသာရပ်ကိုဖြေဆိုသူ ၉၄.၀၀ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကာရာကာ့စ် ၊ မတ် ၁၄ (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ အတိုက်အခံခေါင်းဆောင်ဂျူအန်ဂွိုင်ဒို(Juan Guaido) သည် နိုင်ငံအတွင်း လျှပ်စစ်မီးအကြီးအကျယ်ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခံရမည်ဖြစ်ကြောင်း ရှေ့နေချုပ် Tarek William Sabb က မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ပရာ့ဂ်၊ မတ် ၁၃ ရက် (ဆင်ဟွာ) နေတိုးတပ်ဖွဲ့အနေဖြင့် စိုးရိမ်ဖွယ်ရာဖြစ်လာသည့် အကြမ်းဖက်လုပ်ရပ်များအပေါ် အရေးကြီးသောခြိမ်းခြောက်မှုအဖြစ်မှတ်ယူ၍ ယခုထက်ပိုမိုပြီး အာရုံစိုက်သင့်ကြောင်းချက်နိုင်ငံဝန်ကြီးချုပ် အန်ဒရီဂျ်ဘာဘီစ် (Andrej Babis) က နေတိုးစစ်မဟာမိတ်အဖွဲ့ထဲသို့ ချက်နိုင်ငံ ဝင်ရောက်ခြင်း နှစ် ၂၀ ပြည့် အခမ်းအနားတွင်ပြောကြားခဲ့သည်။
ဖူကျန့်၊ မတ် ၁၃ ရက်(ဆင်ဟွာ) ဖူကျန့်ပြည်နယ်သည် တရုတ်နိုင်ငံအရှေ့တောင်ပိုင်းတွင် တည်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပြီး မြောက်ဘက်တွင် ကျဲ့ကျန်းပြည်နယ်၊ အနောက်ဘက်တွင် ကျန်းရှီပြည်နယ် နှင့် တောင်ဘက်တွင် ကွမ်တုံပြည်နယ် အရှေ့ဘက်တွင် ထိုင်ဝမ်ရေလက်ကြားတို့တည်ရှိသည်။ ဖူကျန့်ပြည်တွင် မြို့ကြီး ၉ မြို့ပါဝင်ပြီး တောတောင်ရေမြေသဘာဝအလှများကြောင့် အလွန်ကျော်ကြားလျက်ရှိသည်။ တရုတ်နိုင်ငံ၏အလှအပများကို ခြုံငုံကြည့်ရှုခြင်း အစီအစဉ်တွင်...