ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၉,၃၀၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဘဂ္ဂဒက်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အမေရိကန် မှ ကျောထောက်နောက်ခံပြုထားသည့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) က ဆီးရီးယားနိုင်ငံ၌ ဖမ်းဆီးရမိထားသည့် IS အကြမ်းဖက်သမား ဒုတိယအသုတ် အယောက် ၁၈၀ ကို ဖေဖော်ဝါရီ လ ၂၃ ရက် နေ့တွင် အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များက လွှဲပြောင်းရယူခဲ့ကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ဖယ်ခုံမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၄၉ ဧက အား ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
မွမ်ဘိုင်း၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း ဘန်ဂလိုမြို့ရှိ ကားရပ်ကွင်းတစ်ခုတွင် ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းက ရုတ်တရက် မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကားအစီးရေ ၃၀၀ ခန့် မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာရသူစာရင်းမထွက်ရှိသေးကြောင်း သိရသည်။