ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်-ဂျာမနီ အဆင့်မြင့် ဘဏ္ဍာရေးတွေ့ဆုံဆွေးနွေးပွဲ၏ တရုတ်ဘက်ဦးဆောင်သူ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် ဂျာမနီဘက် ဦးဆောင်သူ၊ ဂျာမနီနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Lars Klingbeil တို့သည် နိုဝင်ဘာ ၁၇ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌...
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) နိုင်ငံတကာစားပွဲတင်တင်းနစ်အဖွဲ့ချုပ် (ITTF) ဥက္ကဋ္ဌ Petra Sorling က လျိုကော်လျန် အား ITTF ဒုတိယဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်လိုက်ကြောင်း ကမ္ဘာ့စားပွဲတင်တင်းနစ်အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၁၇ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ အကြီးအကျယ်မှားယွင်းပြီး ရန်လိုသော မှတ်ချက်စကားများ ထွက်ပေါ်လာပြီးနောက် ၎င်းအနေဖြင့် ဂျပန်နိုင်ငံအား ယင်း၏ နာမည်ဆိုးဖြင့်ကျော်ကြားသော စစ်ဝါဒီ အတိတ်သမိုင်းကို ပြန်လည်အသက်သွင်းမည့်လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားမည်လောဟူ၍ နိုင်ငံတကာ၌ စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းစျေး (Market Rate) သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိသော စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်) ၏ ဈေးနှုန်း (၅,၉၇၀,၀၀၀) ကျပ် (ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ) ဖော်ပြပါ အချက်အလက်များသည် (၁၈.၁၁.၂၀၂၅) တွင် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ...
နယူးဒေလီ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တွင် နိုဝင်ဘာ ၁၀ ရက်က အသေခံဗုံးခွဲခဲ့သည့် အူမာအန်နာဘီ၏ အနီးကပ် လက်ထောက်တစ်ဦးကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များက နိုဝင်ဘာ ၁၆ ရက်တွင် ဖမ်းဆီးခဲ့သည်။