လန်ဒန် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) မတ်လ၌ ကျင်းပမည့် လွှတ်တော်မဲခွဲဆုံးဖြတ်မှုတွင် Brexit သဘောတူညီချက်ကို ပယ်ချခဲ့မည်၊ သဘောတူညီချက်မဲ့ နုတ်ထွက်ခြင်းကိုလည်း ပယ်ချခဲ့မည်ဆိုလျှင် ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်ရန် ရွှေ့ဆိုင်းသည့်အချိန်ကို လွှတ်တော်က မဲခွဲဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ဟနွိုင်း၊ ဖေဖော်ယါရီ ၂၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေး ပြုလုပ်ရန် ဖေဖော်ဝါရီလ ၂၆ ရက် ညနေပိုင်းက ဗီယက်နမ်နိုင်ငံ...
ဟာဗားနား၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံ ဟာဗားနားမြို့ အနောက်တောင်ဘက် ၅၀ကီလိုမီတာ အကွာခန့် တွင် ဖေဖော်ဝါရီ ၂၆ ရက်က စစ်တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း ကျူးဘားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန (MINFAR) ကပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းမှုအား ဖြေရှင်းရန် ကျန်ရှိနေသော တိုင်ကြားစာ ၄၀၀၀နီးပါးကို ပိုမိုအလေးထား ဖြေရှင်းဆောင်ရွက်ရန် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန်လည် စိစစ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြာသည်။
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးရုံးက နယ်စပ်ထိန်းချုပ်ရေးမျဉ်းအား ပျံသန်းဝင်ရောက်လာခြင်းကို ကန့်ကွက်ရန် အိန္ဒိယနိုင်ငံ ယာယီ မဟာမင်းကြီးအား ဆင့်ခေါ်လိုက်ကြောင်း တရားဝင်ကြေညာချက်အရ သိရသည်။