ဆန်ယန်း ၊ စက်တင်ဘာ ၃ဝ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က စစ်ပွဲများတွင် အနိုင်ရရှိစေရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ထားရန် ၊ စစ်ရေးလေ့ကျင့်မှုကို တိုးမြှင့်လုပ်ဆောင်သွားရန် နှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ပွဲအတွက် အသင့်ပြင်ဆင်ထားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ပဉ္စမအကြိမ်မြောက် ကမ္ဘာ့အင်တာနက်ကွန်ဖရင့် (WIC) ကို နိုဝင်ဘာလတွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဝူကျန်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ်တချို့ တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) စတင်ထူထောင်ခြင်း အခမ်းအနား ကို စက်တင်ဘာ ၂၈ ရက် တွင် ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ် တွင် ကျင်းပ...