ဂျကာတာ ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းဒေသ အရှေ့ဂျာဗားပြည်နယ်တွင် ယနေ့အောက်တိုဘာ ၁၁ ရက် နံနက် အစောပိုင်းက ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း ၊ ယင်းငလျင်ကြောင့် လူ သုံး ဦးသေဆုံးပြီး နေအိမ်များ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရကြောင်း တာဝန်ရှိသူများကဆိုသည်။
ဆစ်ဒနီ ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ဘူမိဗေဒ တိုင်းတာရေးဌာန ၏ ထုတ်ပြန် ကြေညာချက် အရ ပေကျင်း စံတော်ချိန် အောက်တိုဘာ ၁၁ ရက် နံနက် ၄ နာရီ ၄၈ မိနစ် အချိန်တွင် ပါပူဝါနယူးဂီနီ...
ရန်ကုန်၊ အောက်တိုဘာ ၁၀ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၏ မြောက်ဘက်(၆)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၁၈.၉၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၅၅) ဒီဂရီ၊ အနက်(၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
မန်ဒဲရာ၊ ကင်ညာ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်း မန်ဒဲရာနယ်မြေရှိ စာသင်ကျောင်းတစ်ခုတွင် အောက်တိုဘာလ ၉ ရက်ညပိုင်းက စစ်သွေးကြွများက ဆရာ ၂ ဦးအားသတ်ခဲ့ပြီး ကျောင်းအားမီးရှို့ခဲ့ကြောင်း အစိုးရအရာရှိ တစ်ဦးက အောက်တိုဘာလ ၁၀ ရက်၌ အတည်ပြုပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပမည့် မြန်မာနှင့် အင်ဒိုနီးရှားဘောလုံးခြေစမ်းပွဲကို RCTI ရုပ်သံလိုင်းနှင့် ဝက်ဘ်ဆိုက်လင့်ခ် www.pssi.org တွင် တိုက်ရိုက် ကြည့်ရှုနိုင်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။