ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ် မြို့တော် ဂျလာလာဘတ်၌ သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် အသေခံဗုံးခွဲမှုတစ်ခုဟု ယူဆရသည့် ပြင်းထန်သော ပေါက်ကွဲမှု တစ်ရပ် စက်တင်ဘာလ ၁၈ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟန်ကျန့် (Han Zheng) သည် နှစ်စဉ်ကျင်းပသည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နှင့် တရုတ် နှင့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) အကြား စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးပွဲဖွင့်ပွဲ အခမ်းအနား သို့...
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် သိန်း၄ဝဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ က ယနေ့သတင်းထုတ်ပြန်သည်။
မနီလာ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် စက်တင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းက အင်အား ၅.၄ ရှိသော ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ပညာရှင်အဖွဲ့ (Phivolcs) က ပြောကြားခဲ့သည်။
နယူးဒေလီ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ နေရာများစွာ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း မိုးကြိုးထိမှန်သဖြင့် ကလေးငယ်အချို့အပါအဝင် လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း မီဒီယာသတင်းများ၌ စက်တင်ဘာလ ၁၈ ရက်တွင် ဖော်ပြထားသည်။