ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)တွင် စားသုံးသူပြည်သူများအတွက် သက်သာသော စျေးနှုန်းများဖြင့် ဆန်များ ရောင်းချပေးမည့် အစီအစဉ်ကို ဇွန် ၂၄ ရက်တွင် စတင်ခဲ့ပြီး ပြည်သူများ လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၃၅,၀၀၀-၁၄၅,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း...
ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်း ဖော်ပြအပ်ပါသည်။ ၁။ ထိုင်ဝမ်အရေးက တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ကျော်လွန်၍မရသော ပထမဆုံး အနီရောင်စည်းမျဉ်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား ၂။...
ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံ ပြည်သူများအကြား သွားလာဆက်ဆံရေး ပိုမိုတိုးတက်စေရန်အတွက် တရုတ်နိုင်ငံက ဗီဇာကင်းလွတ်ခွင့်ပေးသောနိုင်ငံများ တိုးချဲ့ရန်နှင့် နယူးဇီလန်၊ သြစတြေးလျနှင့် ပိုလန်နိုင်ငံတို့မှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ရေးမူဝါဒကို စမ်းသပ်အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇွန် ၂၅ ရက်တွင် သိရှိရသည်။ အဆိုပါနေ့၌...
နာခွန်ပသွမ်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ နာခွန်ပသွမ်ပြည်နယ်၌ ဇွန် ၂၃ ရက်က ကျင်းပသော U18 အမျိုးသမီး ဘော်လီဘော အာရှချန်ပီယံရှစ်ပြိုင်ပွဲတွင် တရုတ်အသင်းက ဂျပန်အသင်းကို ၃-၀ ဖြင့် အနိုင်ရကာ ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။ ယင်းမှာ ၁၉ နှစ်ကြာပြီးနောက် တရုတ်အသင်းက...
ရာဘတ်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံဘုရင် ဆဋ္ဌမမြောက် မိုဟာမက်၏ ညွှန်ကြားချက်အရ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းပြည်သူများအား လူသားချင်းစာနာမှု ဆေးဘက်ဆိုင်ရာ အကူအညီမှု တစ်သုတ် ပံ့ပိုးခဲ့ကြောင်း မော်ရိုကိုနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မော်ရိုကိုနိုင်ငံမှ ပံ့ပိုးပေးသော ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်း တန်ချိန်...