ကင်ရှာဆာ၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ) ကွန်ဂို(ကင်ရှာဆာ)နိုင်ငံ အရှေ့ပိုင်းရှိ Kivuရေကန်တွင် ဧပြီ ၁၅ ရက် ညပိုင်းက သင်္ဘောနစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ လက်ရှိတွင် သေဆုံးသူ ၂၀ရှိပြီဖြစ်ပြီး လူပေါင်း ဒါဇင်နှင့်ချီပျောက်ဆုံးနေကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၈၄ ခုထိ ဝင်ရောက်ရင်းနှီးမြှုပ်နှံနေကြောင်း နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ယနေ့ပြောကြားသော နှစ်သစ်ကူးမိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသည်။
ဆန်တီယာဂို၊ ဧပြီလ ၁၇ ရက်(ဆင်ဟွာ) ချီလီနိုင်ငံတောင်ပိုင်းတွင်လေယာဉ်အငယ်စားတစ်စီးအိမ်တစ်လုံးအပေါ်သို့ဧပြီလ ၁၆ ရက်ကပျက်ကျ ခဲ့ရာ အနည်းဆုံးလူခြောက်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာ့နှစ်သစ်ကူး မင်္ဂလာအခါသမယတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ ဒုတိယ သမ္မတများဖြစ်သော ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ယနေ့ ဧပြီ ၁၇ ရက်၌ နှစ်သစ်နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသားအကျဉ်းသား/သူ ၉၅၀၀ကျော်ကို ယနေ့ နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။