ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) အာဖရိကသမဂ္ဂ (AU) ၊ ဥရောပသမဂ္ဂ (EU) ၊ ကုလသမဂ္ဂ (UN) ခေါင်းဆောင်များသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် စက်တင်ဘာ ၂၁ ရက်က တွေ့ဆုံခဲ့ကြကာ မျက်မှောက်ခေတ်စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အထိရောက်ဆုံးနည်းလမ်းအဖြစ် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို ထောက်ခံအားပေးရန် ထပ်လောင်းပြောကြားခဲ့ကြသည်။...
တရုတ်နိုင်ငံ ရှင်းကျန်းဒေသရှိ ဖုန်ထူသော သဲကန္တာရတွင် ငါးဟင်းလျာကို ချက်ပြုတ်တည်ခင်းပေးနိုင်ပြီဖြစ်သည်။ တရုတ်နိုင်ငံ၏ အကြီးဆုံးသဲကန္တာရဖြစ်သည့် တာ့လီမခန်း၏အစွန်အဖျားရှိ အငန်ဓာတ်ရှိသော ရေပြင်ထဲမှ ပင်လယ်စာများကို ရရှိနေခြင်းဖြစ်သည်။ ပထဝီအနေအထားအရ ဖြစ်နိုင်ခြေမရှိဟု ဆိုနိုင်သော်လည်း ဒေသခံများကမူ ပင်လယ်စာဖြင့် ညစာစားချိန်ရောက်ပြီဟု ပြောနေကြပြီဖြစ်သည်။ (Xinhua) ………………….. (English Version) Sand meets...
သွန်းဟွမ်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် သွန်းဟွမ်မြို့ရှိ မင်ရှားတောင်တန်းနှင့် လခြမ်းကွေး စမ်းရေအိုင် ရှုခင်းသာနေရာသည် ကန္တာရသဲသောင်ခုံများနှင့် သန့်ရှင်းသော စမ်းရေအိုင်တစ်ခု ဘေးချင်းကပ်တည်ရှိနေသည့် ရင်သပ်ရှုမောဖွယ်ကောင်းသော သဘာဝအံ့ဖွယ်နေရာတစ်ခုပင်ဖြစ်သည်။ (Xinhua) …………………………………….. (English Version) Stunning views at...
ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောအခြေပြု လေယာဉ်အမျိုးအစားများဖြစ်သည့် J-15T ၊ J-35 နှင့် ခုန်းကျင်-၆၀၀ တို့အား ဖူကျန့် လေယာဉ်တင်သင်္ဘောကြီးပေါ်မှ လျှပ်စစ်သံလိုက်ဓာတ်သုံး လောက်လွှဲစနစ်၏ အကူအညီဖြင့် ပထမဆုံးအကြိမ် လေယာဉ်အတက်အဆင်း ပြုလုပ်သည့် လေ့ကျင့်မှုများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်...
လန်ဒန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ မာဆေးဆိုက်ဒါဘီပွဲစဉ်တွင် လီဗာပူးလ်အသင်းက အဲဗာတန်အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ယူကာ ငါးပွဲဆက် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပြီး ရာသီအစပိုင်း ရလဒ်ကောင်းများကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။