ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် လမ်း/တံတားများ ရေကျော်ခြင်း၊ ထိခိုက်ပျက်စီးမှု တန်ဖိုးသည် ကျပ် ၁၄၅၂ ဒသမ ၅၁၁ သန်းခန့် ဆုံးရှုံးုခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းရ သိရသည်။
နယူးဒေလီ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း အန်ဒရာ ပရာဒတ်ရှ်ပြည်နယ်က အမျိုးသားတစ်ဦးသည် ၎င်း၏ ဇနီးနှင့် ရန်ဖြစ်ပြီးနောက် သား ၃ ဦးကို မြစ်အတွင်းသို့ ပစ်ချကာ သတ်ပစ်ခဲ့သည်ဟု စွပ်စွဲခံထားရကြောင်း ရဲတပ်ဖွဲ့က သြဂုတ်လ ၆ ရက်တွင် ပြောကြားလိုက်သည်။
ကိုလံဘို၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) သီရီလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမြို့ မှ ၇၅ကီလိုမီတာအကွာ ရှိ Polgahawela ဘူတာရုံတွင် သြဂုတ် ၆ရက်က ရပ်ထားသော ရထားတစ်စင်းကို ကိုလံဘို-ကန်ဒီ တစ်လျှောက်ပြေးဆွဲပေးနေသည့် ရထားတစ်စင်းက ဝင်တိုက်မိခဲ့ရာ အနည်းဆုံး လူ ၂၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
မနီလာ ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင် နိုင်ငံ သမ္မတ ပြောရေးဆိုခွင့်ရှိသူ Harry Roque က သြဂုတ်လ ၆ ရက် ၌ ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး ရာထူး စတင် တာဝန်ယူချိန် မှ စ၍...
ရီယာ့ဒ် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့်ပတ်သက်၍ မကြာသေးခင်က ထုတ်ပြန်ခဲ့သော ကနေဒါအစိုးရ၏ ကြေညာချက်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဆော်ဒီအာရေးဗီးယားနိုင်ငံက ကနေဒါနိုင်ငံ၌ သွားရောက်ပညာသင်ကြားနေသော ဆော်ဒီကျောင်းသား ၁၂,ဝဝဝ ဦး ကို အမေရိကန်အပါအဝင် အခြားနိုင်ငံများသို့ပြောင်းရွှေ့ပညာသင်ကြားရန် စီစဉ်နေကြောင်း ဆော်ဒီအဆင့်မြင့်အစိုးရအရာရှိတစ်ဦးက သြဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။