ပေကျင်း၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ၂ဝ၁၆ ခုနှစ်အတွင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် မှ အရေးပါသည့် နိုင်ငံတကာ ထိပ်သီး အထူးအစည်းအဝေးများတက်ရောက်ရင်း နိုင်ငံပေါင်း ၁၂ နိုင်ငံ သို့ နိုင်ငံခြားခရီးစဉ် ၅ ကြိမ်ဖြင့် သွားရောက်ခဲ့သည်။ အဆိုပါခရီးစဉ်များအတွင်း သမ္မတရှီကျင့်ဖိန်မှ တရုတ်နိုင်ငံအနေဖြင့် တစ်ကမ္ဘာလုံးနှင့်...
ကိုလံဘို၊ ဒီဇင်ဘာ ၂၇ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Ratnasiri Wickremanayake သည် ၎င်းဆေးကုသမှုခံယူနေသော ဆေးရုံတစ်ခု၌ ဒီဇင်ဘာ ၂၇ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း နှင့် ၎င်းကွယ်လွန်ချိန်တွင် အသက်၈၃နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း စီးပွားရေးအရ ရုပ်ရှင်၊ ဗီဒီယိုနှင့် ဓာတ်ပုံရိုက်ကူးခြင်း များအတွက် အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲတွင် ခွင့်ပြုချက် တောင်းခံကာ တရားဝင် ခွင့်ပြုချက် ရရှိမှသာ ရိုက်ကူးကြရမည် ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာနမှ...
နယူးဒေလီ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နယူးဒေလီ လေဆိပ်တွင် ခရီးသည်တင် လေယာဉ် လေယာဉ်နှစ်စင်း ပြေးလမ်း တစ်ခုအတွင်း မျက်နှာချင်းဆိုင်ကာ ကြောက်ခမန်းလိလိ တိုက်မိလုနီးပါး အခြေအနေမှ ရှောင်လွှဲနိုင်ခဲ့ကြောင်း အဆင့်မြင့် လေကြောင်း အရာရှိ တစ်ဦးက ပြောသည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီလ်နာဒူပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။