ပေကျင်း ၊ မေ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် ၏ ဇနီး ဖုန်းလိယွမ် ၏ ဖိတ်ခေါ်မှုဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲတက်ရောက်လာသော နိုင်ငံ့ခေါင်းဆောင်များ၏ ဇနီးများသည် တရုတ်နန်းတော် ပြတိုက်သို့မေလ ၁၅ ရက်က သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
တိုကျို ၊ မေ ၁၆ ရက် (ဆင်ဟွာ) မေလ ၁၅ ရက် နံနက်အစောပိုင်းက ရှာဖွေ ရှာဖွေတွေ့ရှိထားသော အပျက်အစီးအပိုင်းအစတစ်ခုသည် ဂျပန်နိုင်ငံ၏ မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့(GSDF) မှ ပျောက်ဆုံးလျက်ရှိသော စစ်လေယာဉ်၏ အစိတ်အပိုင်းဖြစ်နိုင်ကြောင်း ဒေသတွင်းမီဒီယာများက မေလ ၁၆ ရက်တွင် ရေးသားဖော်ပြသည်။
ဘန်ကောက်၊ မေ ၁၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အမျိုးသားကဇာတ်ရုံ အရှေ့တွင် မေ ၁၅ ရက် ညပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ထိုင်းအမျိုးသမီး ၂ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ထိုင်းမီဒီယာတစ်ခုကပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်း ရှိ Yanqi Lake International Convention Centerတွင် သမ္မတရှှီကျင့်ဖိန်က မေလ ၁၄ ရက် နှင့် ၁၅ ရက် ၂ ရက်တာကျင်းပသည့် ခေတ်သစ်ပိုးလမ်းမကြီးဆွေးနွေးဖလှယ်ပွဲမှ တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်ပြုလုပ်သွားရန် ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းတွင် မေလ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင်ကျင်းပခဲ့သည့် ခေတ်သစ်ပိုးလမ်းမကြီးနှီးနှောဖလှယ်ပွဲအားတက်ရောက်ရန်အတွက် ရောက်ရှိလာကြသည့် နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းအသီးသီးတို့ုက ခေါင်းဆောင်များကို ကော်ဇောနီဖြင့်ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။ (Xinhua)