ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် အရှေ့မြောက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေသော မူဆယ်ခရိုင် မုံးကိုးမြို့မှ စစ်ဘေးရှောင်ဒေသခံ ၉၀၀ ကျော် ပြန်လည်ဝင်ရောက်လာကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။
ပေကျင်း ၊ ဒီဇင်ဘာ ၂ဝ ရက် (ဆင်ဟွာ) တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Andrei Karlov သည် တူရကီနိုင်ငံ အန်ကာရာမြို့၌ ဒီဇင်ဘာလ ၁၉ ရက်က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရသည့်အပေါ် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ထံ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး...
ဝါဆော၊ ဒီဇင်ဘာ ၂၀ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံ သမ္မတ Andrzej Duda သည် ပိုလန်အမျိုးသားများအတွက် ပင်စင်ယူရမည့်အသက်အား ၆၅နှစ် နှင့် ပိုလန်အမျိုးသမီးများအတွက် ၆၀နှစ် အထိ လျှော့ချခဲ့သော ဥပဒေမူကြမ်းအား ဒီဇင်ဘာ ၁၉ရက်တွင် လက်မှတ်ရေးထိုးပေးခဲ့ကြောင်း သိရသည်။
ဘာလင်၊ ဒီဇင်ဘာ ၂၀ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ဒီဇင်ဘာ ၁၉ရက် ညက ခရစ်စမတ်ဈေးရောင်းပွဲတော်အတွင်းရှိ ဈေးဝယ်သူများ အား ကုန်တင်ကားဖြင့် ဝင်တိုက်ခဲ့မှုကြောင့် လူ၁၂ဦးသေဆုံးပြီး အခြားလူ ၄၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘာလင်ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။