ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ရေဘေးသင့်ဒေသများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တတိယအကြိမ်အဖြစ် ကျပ် ၆ဘီလီယံ တန်ဖိုးရှိ အသင့်ဆောက်လုပ်နိုင်သော အဆောက်အဦများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယနေ့ပေးအပ်လှူဒါန်းလိုက်သည်။
ရန်ကုန်၊ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ အမှတ်(၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး) နှင့် ရေနံဓာတုဗေဒစက်ရုံစု (သံပုရာကန်) တို့မှ ပရိုပိန်း နှင့် ဗြူတိန်းဓာတ်ငွေ့ရည်များအား တင်ဒါဖြင့်ရောင်းချမည်ဖြစ်ကြောင်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဖေဖော်ဝါရီ်လ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ဖေဖော်ဝါရီလ ၂၂ ရက် နေ့ (၁၃း၃၀)နာရီအချိန် မိုးလေဝသတိုင်းထွာချက်များအရ အရှေ့ဘက်နှင့် အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်တို့ကြောင့် (၂၂. ၂.၂၀၁၆)ရက်နေ့မှ (၂၉. ၂.၂၀၁၆) ရက်နေ့အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ၏ ဖိတ်ကြားချက်ဖြင့် ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွား ရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အရှေ့အာရှ နှင့် ပစိဖိတ်ဆိုင်ရာ ကမ္ဘာ့ဘဏ်ဒုဥက္ကဋ္ဌ အက်ဇဲလ် ဗန် ထရော့စင်းဘာ့ဂ်သည် မြန်မာနိုင်ငံ၏ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး စီးပွားရေး မူဝါဒများကို အဓိက ဆွေးနွေးခဲ့ကြောင်း ကမ္ဘာ့ဘဏ်မှ သတင်းထုတ်ပြန်ခဲ့သည်။