ရန်ကုန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၁၅ မိုင်ခန့်အကွာ၌ မြန်မာ့ရေပိုင်နက်အတွင်း တပ်မတော်(ရေ)မှ စစ်ရေယာဉ် တစ်စင်းသည် ပင်လယ်ပြင် လုံခြုံရေးဆောင်ရွက်စဉ် တရားမဝင်လှေ ၂ စင်းအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။
ဆိုးလ် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တောင်ကိုးရီးယားနိုင်ငံ၌ ပြီးခဲ့သော ရက်ပေါင်း ၅ဝ အတွင်း နိုင်ငံအတွင်း AI ငှက်တုပ်ကွေးရောဂါသည် လျင်လျင်မြန်မြန် အမြင့်ဆုံး ကူးစက်ပျံ့နှံ့နေသဖြင့် ကြက်ဘဲ ကောင်ရေ သန်း ၃ဝ ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ရကြောင်း Yonhap သတင်းဌာနက ဇန်နဝါရီ ၃...
ကာရာကက်စ် ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ Amazonas ပြည်နယ်၌ Puerto Ayacucho မြို့မှ La Esmeralda မြို့သို့ဦးတည်ပျံသန်လာသော ရဟတ်ယာဉ်တစ်စင်းသည် ဒီဇင်ဘာလ ၃ဝ ရက်က ပျက်ကျသွားခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရအဖွဲ့က ဇန်နဝါရီလ ၂ ရက်တွင် အတည်ပြုပြောကြားလိုက်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ပြည်သူ့ဝန်ထမ်းအကယ်ဒမီနှင့် ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဖွင့်လှစ်ပေးခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ပြည်မြို့အနီးရှိ သရေခေတ္တရာ ရှေးဟောင်းဇုန် အတွင်း ဇုန်ရှောင်လမ်း တစ်ခု ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။