ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) မိတ္ထီလာမြို့၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာ၊ တောင်ကြီး-မိတ္ထီလာ ကားလမ်းမပေါ် ရထားသံလမ်းကူးအနီးတွင် ခရီးသည်တင် မော်တော်ယာဉ်အားရှာဖွေရာ ကျပ်သိန်း ၁,၁၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
တိုင်ယွန်၊ မေ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံ၏ ရုပ်ထွက်ကောင်းမွန်သည့် ကမ္ဘာမြေစူးစမ်းရှာဖွေရေး စီမံကိန်း ၏ တစ်စိတ်တစ်ပိုင်း အဖြစ် Gaofen-5 ရောင်စဉ်တန်းရိုက်ကူးရေး ဂြိုလ်တုအား မေ ၉ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလ ၃ ရက်နေ့တွင်ကျင်းပမည်ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေလ ၈ရက်တွင် ထုတ်ပြန်ကြေညာကြောင်းသိရသည်။ကြေညာချက်အရအဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်(၁၃)နေရာရှိကြောင်း သိရသည်။
ဟောင်ကောင်၊ မေ ၉ ရက် (ဆင်ဟွာ) ပါပူဝါ နယူးဂီနီ နိုင်ငံ ကိုကိုပိုမြို့ အနောက်တောင်ဘက်၏ တောင်ပိုင်း ၁၇၇ ကီလိုမီတာ တွင် မေ ၉ ရက်က ရစ်ချ်တာစကေး ၆.၀ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ က ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ) စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲအား အမေရိကန်နိုင်ငံသို့ လာရောက်ပါရန် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ထံမှ ဖိတ်ကြားချက်အား တရုတ်နိုင်ငံက ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မေလ...