ဆိုးလ် ၊ မတ်လ ၁၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားကျွန်းဆွယ်အဏုမြူကင်းမဲ့ရေးအတွက် တောင်ကိုရီးယားနှင့်အမေရိကန်တို့ အနီးကပ် ပူးပေါင်း ဆောင်ရွက်များပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်နှင့် အမေရိကန်သမ္မတ ထရန့်တို့က မတ်လ ၁၆ ရက်နေ့တွင် ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သည်ဟုသိရှိရသည်။ထို့အပြင် တောင်ကိုရီး ယား-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး၊ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးများ ပြုလုပ်ရန်နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ခရမ်းလွန်ရောင်ခြည်လတ်တလောထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုမည်းလာခြင်းတို့ ဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလကြာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည့်အတွက် သတိပြုကာကွယ်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှတိုက်တွန်းနှိုးဆော်ချက်ထုတ်ပြန်သည်။
ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ) ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ၏ နှစ်ပတ်လည်အစည်းအဝေး ၌ မတ် ၁၇ ရက် နံနက်ပိုင်းတွင် လီကျန်ဆူးအား NPC အမြဲတမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတအဖြစ် အသစ်ရွေးကောက်တင်မြှောက်ခံရသော သမ္မတ ရှီကျင့်ဖိန် သည် မတ် ၁၇ရက်တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ အခြေခံဥပဒေနှင့် အညီ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုလင်းကျေးရွာအနီးတွင် ပုလင်းကမ်းသာယာဆင်အခြေပြု ခရီးသွားလုပ်ငန်း မကြာမီအချိန်တွင် ဖွင့်လှစ်တော့မည်ဖြစ် ကြောင်းသိရသည်။