အန်ကာရာ ၊ မတ် ၁၂ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အန်ကာရာမြို့ရှိ နယ်သာလန်သံရုံး နှင့် အစ္စတန်ဘူလ်မြို့ရှိ နယ်သာလန်ကောင်စစ်ဝန်ရုံးများအပါဝင် သံရုံးအမှုထမ်းနေအိမ်များ အားလုံးကိုပါ လုံခြုံရေးအကြောင်းပြချက်များဖြင့် မတ်လ ၁၁ ရက်က ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင်ဟွာသတင်းဌာနသို့အတည်ပြုပြောကြားသည်။
ဝူဟန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ကလေးသူငယ် ကျန်းမာရေးအတွက် ပထမဆုံး သုတေသန စင်တာကြီးအား ဟူဘေးပြည်နယ်တွင် တည်ထောင်ကာ ကလေးသူငယ် ကျန်းမာရေး စောင့်ရှောက်မှု စနစ်အား တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုလမ်ဘို၊ မတ် ၁၁ ရက် (ဆင်ဟွာ) ဒူဘိုင်းတွင် ပြုလုပ်မည့် ကမ္ဘာ့ အကြီးဆုံး အစားအသောက်နှင့် အဖျော်ယမကာ ပြပွဲ Gulfood 2017 သို့ သီရိလင်္ကာနိုင်ငံရှိ အစားအသောက်နှင့် အဖျော်ယမကာ တင်ပို့သည့် ကုမ္ပဏီများက ဝင်ရောက် ပြသမည် ဖြစ်ပြီး နိုင်ငံထွက် လက်ဖက်နှင့် အစားအသောက်များ...
မက္ကဆီကိုစီးတီး၊ မတ် ၁၁ ရက် (ဆင်ဟွာ) မက္ကဆီကို ရဲတပ်ဖွဲ့ဝင်များနှင့် မြို့တော်ဝန် တစ်ဦးတို့ ပါဝင်ပတ်သက်မှုရှိသော ဒုစရိုက်ဂိုဏ်း တစ်ခုနှင့် ချိတ်ဆက်မှုရှိကြောင်း သံသယရှိသူ ၈၇ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မက္ကဆီကို အလယ်ပိုင်း Puebla ပြည်နယ် အစိုးရက မတ်လ ၁၀ ရက်က ကြေညာလိုက်သည်။
ပေကျင်း ၊ မတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရအဖွဲ့မှ ဝန်ကြီး တစ်ဦးက ထိုင်ဝမ်ရေလက်ကြား၌ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် လမ်းနှစ်သွယ်ဖွင့်လှစ်၍ အောင်မြင်မှုရရှိအောင် လုပ်ဆောင်သွားရန် မတ်လ ၁၁ ရက် (ယနေ့)တွင် တိုက်တွန်းပြောကြားလိုက်သည်။