ဂျကာတာ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ် အနောက်ဘက်တွင် ဖေဖော်ဝါရီလ ၁၀ ရက်က ဘတ်စ်ကား တစ်စီးနှင့် မော်တော်ဆိုင်ကယ် တစ်စီး တိုက်မိရာ အနည်းဆုံး လူ ၂၇ ဦး သေဆုံးပြီး အခြားသူ ၁၈ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ ပန်းတောင်း-တောင်ကုတ် ကားလမ်း မိုင်တိုင်(၅၆/၁)၌ ဟွန်ဒိုင်းမီနီဘတ်စ်ကားတစ်စီး ချောက်ထဲသို့ထိုးကျတိမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံးပြီး ၂၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဆိုးလ်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်အား အဆင်ပြေသောအချိန်၌ မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်ရန် မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင် ကင်ဂျုံအန်က ဖိတ်ကြားလိုက်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်က အိမ်ပြာတော်မှ ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့ ဒိုးတန်းကျေးရွာအနီး၌ ဒေသန္တရလက်လုပ်မိုင်းတစ်လုံးနှင့် မဲဒီကျေးရွာအနီး၌ အဝေးထိန်းစနစ်သုံး လက်လုပ်မိုင်း ၁၀ လုံးတွေ့ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)စာချုပ်၌ ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် လက်မှတ်ရေးထိုးမည့် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ကို မတရားအသင်းမှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။