နေပြည်တော်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) အစိုးရသစ် လက်ထက် တစ်နှစ်တာအတွင်း သွားဘက်ဆိုင်ရာ သစ်လွင် ဆရာဝန် ၁၇၀၀ ကျော်နှင့် ဆရာဝန် ၂၈၁ ဦး အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်း ၁၃၃၇၆ ဦးတို့ကို ခန့်အပ်ခဲ့နိုင်ခဲ့ သည်ဟု ကျန်းမာရေး နှင့်...
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ယနေ့မနက် ၁၀ နာရီ ၄၅ မိနစ်လောက်က ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့တဲ့အတွက် ခရီးသည် ၁၉ဦး သေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ကျော်လင်းဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။
နေပြည်တော်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) အစိုးရသစ်လက်ထက် တစ်နှစ်အတွင်း ရွှေတိဂုံ၊ ကျိုက်ထီးရိုး၊ မဟာမုနိနှင့် ကမ္ဘာအေး စေတီတော်များ၏ အလှူငွေရရှိမှုမှာ ယမန်နှစ်ကထက် ပိုမို များပြားခဲ့သည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ခေတ္တအမြဲတမ်း အတွင်းဝန် ဦးထွန်းအုံ ရှင်းလင်း ယနေ့ပြောကြားသည်။
နေပြည်တော်၊ဧပြီလ ၂၈ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင်အစိုးရသစ်တာဝန်ယူခဲ့ပြီးနောက်ပထမတစ်နှစ်တာကာလအတွင်း ပြုပြင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ နေပြည်တော်တွင်ဧပြီလ ၂၈ ရက် က ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၏တစ်နှစ်တာဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးတင့်သွင်က ရှင်းလင်းပြောကြားခဲ့ရာတွင်နိုင်ငံတော်မှချမှတ်ထားသောမူဝါဒများ၊ အာဆီယံဒေသတွင်းချမှတ်ထားသောမဟာဗျူဟာအစီအစဉ်များနှင့်အညီမြန်မာနိုင်ငံခရီးသွားလုပ်ငန်း တိုးတက်မြှင့်တင်ရေးမဟာဗျူဟာများကိုဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
နေပြည်တော်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် အစိုးရသစ်တာဝန်ယူခဲ့ပြီးနောက်ပထမ တစ်နှစ်တာကာလ အတွင်း ပြုပြင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ နေပြည်တော် တွင်ဧပြီလ ၂၈ ရက်တွင် ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမင်းအေးကိုမှ ရှင်းလင်းဆွေးနွေးခဲ့သည်။